စစ်မှုထမ်းရန် အဓမ္မအင်အားစုဆောင်းမှု စစ်ကောင်စီ အရှိန်မြှင့်လုပ်ဆောင်

ရွှေနွယ်

(မဇ္ဈိမ)။ ။သင်္ကြန်ကာလပြီးတဲ့အချိန်ကစလို့ စစ်ကောင်စီက ပဲခူးတိုင်းအတွင်းမှာ စစ်မှုထမ်းဖို့အတွက် အဓမ္မအင်အားစုဆောင်းမှုတွေ အရှိန်မြှင့်လုပ်ဆောင်လာတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ပဲခူးတိုင်းအတွင်းက ဖြူး၊ မင်းလှ၊ ရေတာရှည်၊ ကြို့ပင်ကောက်၊ အုတ်ဖို၊ လက်ပံတန်းစတဲ့ မြို့နယ်တွေ အပါအဝင် မြို့အတော်များများမှာ ပြည်သူတွေကို စစ်မှုထမ်းဖို့အတွက်လို့ ပြောဆိုပြီးခေါ်ဆောင်တာ သာမက လမ်းသွားလမ်းလာတွေကိုဖမ်းဆီးပြီး စစ်မှုထမ်းဖို့ခေါ်ဆောင်သွားတဲ့ အခြေအနေတွေကိုပါ ကြုံ တွေ့နေရတယ်လို့ ပဲခူးတိုင်းဒေသခံတွေက မဇ္ဈိမကိုပြောပါတယ်။

ဒီလို ပဲခူးတိုင်းအတွင်းမှာ မဲပေါက်တာမဟုတ်ဘဲ အဓမ္မဖမ်းဆီးစစ်မှုထမ်းခိုင်းနေတဲ့ ကိစ္စတွေနဲ့ပတ်သက် လို့ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ ပဲခူးတိုင်းတာဝန်ရှိသူကို မဇ္ဈိမကဆက်သွယ်မေးမြန်းရာမှာတော့ မြို့နယ်အလိုက် သတ်မှတ်လူဦးရေအတိုင်းစုဆောင်းနေတာဖြစ်ကြောင်းနဲ့ ဖမ်းဆီးခံရသူတွေဟာ သက် ဆိုင်ရာနယ်မြေရဲစခန်းနဲ့ စစ်တပ်စခန်းတွေကိုလိုက်လံမေးမြန်းသင့်ကြောင်း ပြောပါတယ်။