အိန္ဒိယနှင့် နယ်စပ်မျဉ်းတလျောက် ဘူတန်တွင် တရုတ်က နယ်ချဲ့ရေး စီစဉ်လုပ်ဆောင်

The Singapore Post      

တရုတ်က အိန္ဒိယနှင့် နယ်စပ်ထိန်းချုပ်မျဉ်း (LAC) တလျောက်တွင် သယ်ယူပို့ဆောင်ရေး လုပ်ဆောင်မှုများကို ရည်မှန်းတိုးမြင့်နေခြင်းနှင့် ဘူတန်နယ်မြေထဲသို့ ထပ်တလဲလဲ ထိပါးကျူးကျော်မှုတို့အရ ပြီးခဲ့သည့် နှစ်များအတွင်း ယင်း၏ နယ်ချဲ့ရေး အစီအစဉ်ကို ပြသနေသည်။

သမိုင်းကြောင်းအရ ပြန်လည်ပြင်ဆင်ရေးဝါဒတွင် အမြစ်တွယ်နေပြီး နိုင်ငံတကာ စံသတ်မှတ်ချက်များကို ဗြောင်ကျကျ ဂရုမစိုက်လျက်ဖြင့် တရုတ်၏ လုပ်ဆောင်ချက်များက ဘူတန်၏ အချုပ်အခြာအာဏာနှင့် ဒေသ တည်ငြိမ်မှုအပေါ် ကြီးလေးသည့် ခြိမ်းခြောက်မှုတရပ်ကို ဖြစ်စေသည်။

ထို့အတွက်ကြောင့်လည်း နယ်သတ်မျဉ်း ကိစ္စနှင့်ပတ်သက်၍ တရုတ်နှင့် သံတမန်ရေး ပတ်သက်ဆက်ဆံမှုက တဖက်စောင်းနင်း ကိစ္စတခု ဖြစ်လာနေပြီး ဘူတန် နယ်မြေပိုင်နက်တို့ကို ရယူနိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေးမှုတို့ကို ဆင်ခြေအကြောင်းပြချက်တခုအဖြစ် အသုံးပြုရန် တရုတ်က ကြံရွယ်နေကြောင်းကို ဘူတန်က သိမြင်လာခဲ့သည်။

အငြင်းပွား နယ်မြေများ၌ ကျူးကျော်ဝင်ရောက်မှုများနှင့် ဆောက်လုပ်ရေး လုပ်ငန်းများ ရပ်စဲရေး ဘူတန်၏ တောင်းဆိုချက်များကို တရုတ်ဘက်က ထပ်တလဲလဲ ဂရုမစိုက် အလေးမထားခြင်းနှင့်ပတ်သက်ပြီး အလွန်တရာ စိုးရိမ်ပူပန်ကြောင်းကို အိန္ဒိယဆိုင်ရာ ဘူတန်သံအမတ် ဗိုလ်ချုပ် ဗတ်ဆော့ပ် နမ်ဂျဲလ်က နယူးဒေလီရှိ တရုတ် သံရုံးယာယီတာဝန်ခံ မာဂျာထံ အသိပေးပြောဆိုသည်။

ပိုမို ကြီးမားသော မဟာဗျူဟာဆိုင်ရာ ဆက်စပ်စဉ်းစားရမည့် အခြေအနေအောက်တွင်လည်း အိန္ဒိယနှင့် အမှန်တကယ် နယ်စပ်ထိန်းချုပ်မျဉ်း (LAC) တလျောက်နှင့် တိဗက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (TAR) တို့တွင် တရုတ်၏ စစ်ဘက်ဆိုင်ရာ တည်ဆောက်ကြီးထွားနေမှုက သာတူညီမျှစွာဖြင့်ပင် ကသိကအောက် ဖြစ်ထားစေပြီး ယင်းတွင် စစ်ဘက် ထောက်ပံ့ပို့ဆောင်ရေး အခြေခံအဆောက်အအုံ ဖော်ဆောင်မှုနှင့် စစ်သည်အင်အားပိုင်းတွင် အလျင်အမြန် တိုးပွားမှုဖြင့် ထင်ဟပ်နေသည်။

တရုတ်၏ ကျူးကျော်သော လုပ်ဆောင်ချက်များနှင့် နယ်မြေပိုင်နက် ရယူမှု စိန်ခေါ်မှုကို ကိုင်တွယ်ဖြေရှင်းရေး စုပေါင်းအားထုတ်သည့် သံတမန်ရေး ကြိုးပမ်းမှုများ လုပ်ဆောင်ရန် အဆောတလျင် လိုအပ်နေမှုတို့အရ ဘူတန်၏ မဟာဗျူဟာ အရေးပါမှုကို မီးမောင်းထိုးပြသနေသည်။

နယ်စပ် အငြင်းပွားမှုတို့ကို ပြေလည်အောင် ဖြေရှင်းရန် သံတမန်ရေး ကြိုးပမ်းမှုများ အထမမြောက်မှုက တရုတ်၏ နယ်ချဲ့ကျူးကျော်ရေး လုပ်ငန်းစဉ်အပေါ် ကိုင်တွယ်ဖြေရှင်းရေး အရေးတကြီးဖြစ်မှုကို ပြသနေသည်။

၂၀၂၄ ၊ ဧပြီ ၃ ရက်က နယူးဒေလီတွင် ပြုလုပ်သည့် အစည်းအဝေးတခုအတွင်း ယင်းနှင့်စပ်လျဉ်း၍ ဘူတန်နိုင်ငံ၏ စိုးရိမ်ပူပန်မှုတို့ကို ရှင်းရှင်းလင်းလင်း ထုတ်ဖော်ခဲ့ပြီး ယင်းအစည်းအဝေးတွင် ဘူတန်သံအမတ် ဗတ်ဆော့ပ် နမ်ဂျဲလ်က ၂၀၂၀ နောက်ပိုင်း တရုတ်၏ လှုပ်ရှားလုပ်ဆောင်မှုများ စိုးရိမ်ဖွယ်ရာ မြင့်တက်မှုနှင့်ပတ်သက်ပြီး တရုတ်သံရုံးယာယီတာဝန်ခံကို အလေးပေး ပြောဆိုခဲ့သည်။

ပြီးခဲ့သည့် ဆယ်စုနှစ် လေးစုအတွင်း အစည်းအဝေး ၃၈ ခု ပြုလုပ်ခဲ့သော်လည်း အငြင်းပွား နယ်မြေဧရိယာ အားလုံးအပေါ် ပိုင်ဆိုင်ကြောင်း တရုတ်၏ မရမက တောင်းဆိုမှုကြောင့် ဘူတန်အနေဖြင့် နယ်စပ်ကို နယ်နိမိတ် ပိုင်းခြားသတ်မှတ်နိုင်ခြင်း မရှိခဲ့ကြောင်း နမ်ဂျဲလ်က မှတ်ချက်ပြုသည်။

ယင်းအခြေအနေကြောင့်လည်း အငြင်းပွား နယ်မြေ ဧရိယာများရှိ ပိုနေမြဲ ကျားနေမြဲ အခြေအနေအပေါ် ချိုးဖောက်မှုနှင့်စပ်လျဉ်း၍ ဘူတန်၏ စိုးရိမ်ပူပန်မှုတို့ကို ဦးစွာ ဖြေရှင်းခြင်း မပြုဘဲ ၁၄ ကြိမ်မြောက် ကျွမ်းကျင်ပညာရှင် အစုအဖွဲ့ အစည်းအဝေး ခေါ်ယူခြင်းက အဓိပ္ပါယ်မရှိ အချည်းနှီး ဖြစ်ဟု ဘူတန် သံအမတ်က မှတ်ချက်ပြုသည်။

ဤမတိုင်မီကလည်း ဘူတန်သည် Amo Chu မြစ်၏ အရှေ့ဘက်ကမ်းတလျောက် “တဲပြာ” ဟု သိကြသည့် တစိတ်တပိုင်း အမြဲတမ်း အဆောက်အအုံ တည်ဆောက်မှုအပေါ် တရားဝင် ဆန့်ကျင် ကန့်ကွက်ခဲ့သည်။

တရုတ်သည် Jampheri တောင်ကြောဆီသို့ သုံးနိုင်ငံဆုံရာအနီးရှိ Batang La မှ လုပ်ဆောင်ရန် လိုအပ်မှုကို ရှောင်ရှားလျက်ဖြင့် Jampheri တောင်ကြောဆီသို့ မြစ်တလျောက် ပြေးသည့် လမ်းတလမ်းကို ဖောက်လုပ်ထားသည်။ နယူးဒေလီရှိ တရုတ်သံရုံးထံ တင်သည့် နောက်ဆုံး ဆန္ဒထုတ်ဖော်မှုအရ ယင်းကဲ့သို့သော လုပ်ဆောင်ချက်များက ဖြစ်ပေါ်ဆဲ နယ်စပ်ဆိုင်ရာ ဆွေးနွေးမှုများ၏ တိုးတက်မှုကို ထိပါးတိုက်စားစေပြီး တင်းမာမှုတို့ကိုသာ ပိုမိုဆိုးဝါးစေရုံ ရှိသည် ဆိုသည့် ဘူတန်၏ အမြင်သဘောထားကို မီးမောင်းထိုးပြသနေသည်။

တရုတ်သည် ဘူတန်၏ အဓိက ဧရိယာသုံးခုဖြစ်သည့် Pasamlung ၊ Jakarlung နှင့် Doklam တို့အပေါ် သံသယရှိသည့် ပိုင်ဆိုင်ကြောင်း တောင်းဆိုချက်တို့ကို ဆက်တိုက် ပြောဆိုထားသည်။ အဆိုပါ ပြောဆိုမှုများက ၁၉၅၀ ကာလကတည်းက ဖြစ်ပြီး ယင်းကို သမိုင်းဆိုင်ရာ ပြန်လည် ပြင်ဆင်ရေးဝါဒ နှင့် ပထဝီနိုင်ငံရေး ရည်မှန်းချက်များက မီးထိုးပေးနေသည်။

တရုတ်၏ ယင်းကဲ့သို့သော တောင်းဆိုမှုများက ဘူတန်၏ နယ်မြေ တည်တံ့ခိုင်မြဲမှုနှင့် အချုပ်အချာအာဏာကို တိုက်စားစေသည် ဆိုသည်က အဓိက အချက်ပင် ဖြစ်သည်။

ဘူတန် နယ်မြေများကို “အိန္ဒိယ အင်ပါယာ” က မှားယွင်းစွာ ထိန်းချုပ်ထားသည် ဆိုပြီး တရုတ်၏ ပြောဆိုမှုများက မကြာခဏ ဖော်ပြခဲ့ပြီး ယင်းသည် တရုတ်၏ နယ်ချဲ့ရေး ရည်မှန်းချက်များအတွက် မူမမှန်သော အကြောင်းပြချက်တခု ဖြစ်နေခဲ့သည်။

ယင်းကဲ့သို့ ဇာတ်ညွှန်းတခုနှင့်အတူ အကြီးစား ကျူးကျော်မှုများနှင့် စစ်ဘက်ကင်းလှည့်မှုများအပါအဝင် တရုတ်၏ ကျူးကျော်ရန်လိုသော စစ်ဘက်လှုပ်ရှားဆောင်ရွက်မှုတို့က နယ်မြေ ရည်မှန်းချက်များ အောင်မြင်ရေး နိုင်ထက်စီးနင်း နည်းနာများ အသုံးပြုမည့် တရုတ်၏ ဆန္ဒသဘောထားကို ပြသနေသည်။

အဓိကအားဖြင့် တိုက်ရိုက် နယ်စပ် ညှိနှိုင်းဆွေးနွေးမှုများကို တရုတ်၏ မရမက တောင်းဆိုမှုက ဆက်ဆံရေး တိုးတက်ရမည့် အစား တကယ်တမ်းတွင် ဆက်ဆံရေးကို အေးစက်စေခဲ့သည်။ ပိုနေမြဲ ကျားနေမြဲ အခြေအနေအပေါ် တဖက်သတ်ငြင်းခုံမှုတို့ကို တားဆီးရေး ရည်ရွယ်သည့် ၁၉၉၈ ခုနှစ် “ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး ထိန်းသိမ်းမည့်” တရုတ်-ဘူတန် စာချုပ်ကို ပြန်ပြောင်းကြည့်ပါ။ ထိုစာချုပ်သည် တရုတ်၏ ရန်လိုကျူးကျော်မှုကို ဟန့်တားရာတွင် လုံးဝ ထိရောက်မှု မရှိ ဆိုသည်ကို ပြသထားခဲ့သည်။ ယင်းအစား တရုတ်သည် ဘူတန်၏ နယ်မြေ အချုပ်အခြာအာဏာကို ချိုးဖောက်ရန် အခွင့်အရေးတိုင်းကို အသုံးပြုခဲ့သလို ဘူတန်ထဲသို့ ချဉ်းနင်းထိပါးခဲ့သည်။ ယင်းအတွက်ကြောင့် တင်းမာမှုတို့ကို ပိုမို ဆိုးဝါးစေခဲ့သည်။