ဖားကန့်တွင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့နှင့် စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ်ပြုလုပ်

မဇ္ဈိမ

ကချင်ပြည်နယ် ဖားကန့်မြို့တွင် ‌ယနေ့ (ဇွန်လ ၁၉ ရက်) နံနက်ပိုင်းက ဒေါ်အောင်ဆန်းစုကြည်၏ ၇၉ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် ဆုတောင်းပွဲနှင့် စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ်ပြုလုပ်ခဲ့ကြသည်။

ယနေ့ ဇွန်လ ၁၉ ရက်နေ့ ကျရောက်သော အသက် ၇၉ နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ် ဖားကန့်ပြည်သူများက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေကောင်းကျန်းမာစေရန်နှင့် မတရားဖမ်းဆီးချုပ်နှောင် ခံထားရခြင်းမှ အမြန်ဆုံးလွတ်မြောက်ရန် ဆုတောင်းခဲ့ကြကြောင်း သိရသည်။