တရားရုံး ‘စီရင်ချက်က စူပါလိဂ်ကို ထောက်ခံသည်ဟု ဆိုလိုခြင်း မဟုတ်’ – UEFA

By PKThawn – UEFA က ၎င်းနဲ့ FIFA တို့ဟာ ပြိုင်ဘက်စူပါလိဂ်တခုဖန်တီးမှုကို ဟန့်တားဖို့အတွက် အီးယူဥပဒေကို ချိုးဖောက်ခဲ့တယ်လို့ ဥရောပထိပ်တန်းတရားရုံးရဲ့ ကြာသပတေးနေ့ စီရင်ချက်က ပြိုင်ပွဲကနေ ခွဲထွက်မှုကို ထောက်ခံခြင်း ဒါမှမဟုတ် အတည်ပြုခြင်းဆိုတဲ့ အဓိပ္ပာယ်မသက်ရောက်ကြောင်း ပြောပါတယ်။

“UEFA ရဲ့ ကြိုတင်ခွင့်ပြုချက်ဘောင်ဘောင်အတွင်း ယခင်ရှိပြီးသား အားနည်းချက်ကို အလေးအနက်ပြုကာ ၂၀၂၂ ဇွန်လမှာ အသိအမှတ်ပြုပြီး ကိုင်တွယ် ဖြေရှင်းပြီးသားဖြစ်တဲ့ နည်းစနစ်ဆိုင်ရာ ကဏ္ဍတခုပါ။”လို့ UEFA က ဆက်ပြီးပြောပါတယ်။

“UEFA က ၎င်းရဲ့ စည်းမျဉ်းအသစ်တွေရဲ့ ခိုင်မာမှုနဲ့ အထူးသဖြင့် သူတို့ဟာ သက်ဆိုင်ရာ ဥရောပဥပဒေတွေနဲ့ စည်းမျဉ်းတွေအားလုံးကို လိုက်နာကြောင်း ယုံကြည်မှုရှိပါတယ်။”

ဥရောပတရားရုံးရဲ့ စီရင်ချက်ဟာ ၂၀၂၂ မှာ ၎င်းတို့ မပြောင်းလဲခင် UEFA စည်းမျဉ်းတွေအပေါ် အခြေခံထားပါတယ်။

“စူပါလိဂ်လိုမျိုး နှစ်သင်းကနေ အထက် ပါဝင်တဲ့ မည်သည့်ဘောလုံးပရောဂျက်အသစ်ကိုမဆို ၎င်းတို့ရဲ့ ကြိုတင်ခွင့်ပြုချက်လိုအပ်တဲ့ FIFA နဲ့ UEFA တို့ရဲ့ စည်းမျဉ်းတွေနဲ့ အဲဒီပြိုင်ပွဲတွေမှာ ကလပ်တွေနဲ့ ကစားသမားတွေ မကစားဖို့ တားမြစ်ခြင်းမျိုးလုပ်ဆောင်တာက ဥပဒေနဲ့ မညီကြောင်း” ဥရောပတရားရေးတရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။

၎င်းရဲ့ ဆုံးဖြတ်ချက်က စူပါလိဂ်စီမံကိန်းကို အခုချိန်မှာ တရားဝင်ခွင့်ပြုသင့်တယ်လို့ မဆိုလိုဘဲ FIFA နဲ့ UEFA တို့ဟာ ဘောလုံးဈေးကွက်မှာ “လွှမ်းမိုးမှုရှိတဲ့ အနေအထားကို အလွဲသုံးစားလုပ်ခြင်း”သာဖြစ်ကြောင်း စီရင်ချက်ရဲ့ အကျဉ်းချုပ်မှာ အလေးပေးဖော်ပြခဲ့ပါတယ်။

ဒါပေမယ့် “၂၀၂၁ ခုနှစ်တုန်းက စူပါလိဂ်ကို ထိပ်တိုက်တွေ့ခဲ့တဲ့ အဓိက အင်အားစုဖြစ်တဲ့ ပရိသတ်တွေနဲ့ ဆက်ဆံရာမှာ တဖက်က သူတို့ဟာ ဥရောပဘောလုံးကလပ်ပြိုင်ပွဲအတွက် အနာဂတ်ဖြစ်တယ်”လို့ UEFA က ပြောပါတယ်။

“UEFA ဟာ ဥရောပဘောလုံးပိရမစ်ကို ထိန်းသိမ်းစောင့်ရှောက်ဖို့ ၎င်းရဲ့ ကတိကဝတ်မှာ ပြတ်ပြတ်သားသားရှိနေဆဲဖြစ်ပြီး ၎င်းဟာ လူ့အဖွဲ့အစည်းရဲ့ ပိုမိုကျယ်ပြန့်တဲ့ အကျိုးစီးပွားကို ဆက်လက်ထမ်းဆောင်ဖို့ သေချာစေတယ်”လို့ ၎င်းတို့က ပြောပါတယ်။

“ကျနော်တို့တွေဟာ ဥရောပအားကစားပုံစံကို နိုင်ငံအသင်းတွေ၊ လိဂ်တွေ၊ ကလပ်တွေ၊ ပရိသတ်တွေ၊ ကစားသမားတွေ၊ နည်းပြတွေ၊ EU အဖွဲ့အစည်းတွေ၊ အစိုးရတွေ၊ မိတ်ဖက်တွေနဲ့အတူတူ ဆက်လက်ပုံဖော်သွားမှာပါ။

“ပရိသတ်တွေနဲ့ သက်ဆိုင်သူအားလုံးက သူတို့ရဲ့ အစားထိုးလို့မရတဲ့ ပုံစံအဖြစ် ကြေညာထားတဲ့ စည်းလုံးညီညွတ်မှုအခြေခံတဲ့ ဥရောပဘောလုံးပိရမစ်ကို ဥရောပနဲ့ နိုင်ငံအလိုက် ဥပဒေတွေက ခွဲထွက်မယ့်အန္တရာယ်ကနေ ကာကွယ်ပေးမယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်။”

UEFA ဟာ ချန်ပီယံလိဂ်မှာ ပြုပြင်ပြောင်းလဲမှုကြီးတွေကို မဖော်ပြခင် ဥရောပရဲ့ အကြီးမားဆုံးကလပ်အသင်း ၁၂ သင်းမှ ၎င်းတို့စီစဉ်ထားတဲ့ စူပါလိဂ်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း ကြေညာခဲ့တဲ့အချိန်က ၂၀၂၁ ခုနှစ် ဧပြီလမှာ ဖြစ်ပါတယ်။

စူပါလိဂ်ကို UEFA ရဲ့ ထင်ရှားကျော်ကြားတဲ့ ပြိုင်ပွဲရဲ့ ပုံစံတူပြိုင်ဘက်အဖြစ် ရှုမြင်ခံရခဲ့ပါတယ်။

၎င်းဟာ ပရိသတ်တွေနဲ့ ဘောလုံးအဖွဲ့တွေရဲ့ ပြင်းထန်တဲ့ တုံ့ပြန်မှုတွေနဲ့ ရင်ဆိုင်ရချိန်မှာ လျင်မြန်စွာ ပျက်ပြားသွားခဲ့အပြင် UEFA နဲ့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) တို့ကလည်း ပါဝင်တဲ့ ကလပ်တွေကို စည်းကမ်းပိုင်းဆိုင်ရာ အရေးယူမယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။

အင်္ဂလန်ပရီးမီးယားလိဂ်မှ ခြောက်သင်းအပါအဝင် ကလပ်အသင်း ၁၂ သင်းမှ ကိုးသင်းဟာ ချက်ချင်းဆိုသလို နုတ်ထွက်ခဲ့တာကြောင့် စတင်တည်ထောင်ပြီး ၄၈ နာရီအတွင်း စူပါလိဂ်ကို ပြိုကွဲသွားစေခဲ့ပါတယ်။

ဂျူဗင်တပ်စ်ဟာ ဇူလိုင်လမှာ နုတ်ထွက်ခဲ့အပြီး နှစ်နှစ်ကြာတဲ့အထိ စပိန်ဘီလူးကြီး ရီးယဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာတို့ကသာ ဒီစီမံကိန်းကို မစွန့်လွတ်ခဲ့တာပါ။

(AFP)