ဘရာဇီးလ်ကြယ်ပွင့်ဟောင်း ဒန်နီ အဲလ်ဗက်စ် အဓမ္မပြုကျင့်မှုဖြင့် ထောင်ဒဏ် ၄ နှစ်ခွဲ ချမှတ်ခံရ

By PKThawn

ဘရာဇီးလ်အသင်းလက်ရွေးစင်ဟောင်း ဒန်နီ အဲလ်ဗက်စ်ဟာ ၂၀၂၂ ဒီဇင်ဘာလက ဘာစီလိုနာနိုက်ကလပ်တခုမှာ အမျိုးသမီးငယ်တဦးကို အဓမ္မပြုကျင့်မှုဖြင့် အပြစ်ရှိကြောင်း ထင်ရှားပြီးနောက် သူ့ကို စပိန်တရားရုံးတရုံးက ကြာသပတေးနေ့မှာ ထောင်ဒဏ် လေးနှစ်ခွဲချမှတ်ခဲ့ပါတယ်။

ဒါ့အပြင် ချန်ပီယံလိဂ်ဖလား သုံးကြိမ်ရ ကစားသမားဟာ ထောင်မှ လွတ်ပြီးနောက်ပိုင်း ငါးနှစ်ကြာ စောင့်ကြည့်မှုအောက်ထားဖို့ အမိန့်ချမှတ်ခံခဲ့ရပြီး သူဟာ နစ်နာသူကို လျော်ကြေး ယူရို ၁၅၀,၀၀၀ (ဒေါ်လာ ၁၆၂,၀၀၀) ပေးဆောင်ဖို့ တောင်းဆိုခံခဲ့ရပါတယ်။

“တိုင်ကြားသူရဲ့ ထွက်ဆိုချက်ထက် ကျော်လွန်တဲ့ အထောက်အထားတွေရှိပြီး နစ်နာသူဘက်က သဘောမတူဘဲ မုဒိမ်းမှု ဖြစ်ပွားခဲ့တယ်ဆိုတဲ့ ကောက်ချကို ထောက်ခံပါတယ်။”လို့ ဘာစီလိုနာတရားရုံးရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

“တရားခံက တိုင်ကြားသူကို ရုတ်တရတ် ဆွဲဖမ်းပြီး သူမကို မြေပေါ်တွန်းချခဲ့တယ်။ အတင်းအဓမ္မဆက်ဆံခဲ့ရင်း လှုပ်ရှားလို့ မရနိုင်အောင် ထိန်းချုပ်ထားပြီး တိုင်ကြားသူက အလိုမပါကြောင်း၊ ထွက်သွားလိုကြောင်းကို သက်သေအမှန်အဖြစ် တရားရုံးက မှတ်ယူပါတယ်။”

ရှေ့နေတွေဟာ အသက် ၄၀ အရွယ် အဲလ်ဗက်စ်ကို ၁၀ နှစ် စောင့်ကြပ်မှုအောက်ထားပြီး ထောင်ဒဏ် ကိုးနှစ် ချဖို့ တောင်းဆိုခဲ့တာပါ။

အဆိုပါအမျိုးသမီးနဲ့ လိင်ဆက်ဆံမှုဟာ နှစ်ဦးသဘောတူညီမှုဖြစ်ကြောင်း သူ့ရဲ့တရားခွင်မှာ သက်သေထွက်ဆိုခဲ့တဲ့ အဲလ်ဗက်စ်ဟာ အယူခံဝင်နိုင်ပါတယ်။

ကစားသမားဘဝတလျှောက် ဘာစီလိုနာနဲ့ ပီအက်စ်ဂျီအသင်းတို့မှာ ကစားခဲ့တဲ့ ကမ္ဘာ့အောင်မြင်မှုအများဆုံးရ ဘောလုံးသမားတွေက တဦးဖြစ်တဲ့ အဲလ်ဗက်စ်ဟာ ၂၀၂၂ ဒီဇင်ဘာ ၃၁ ရက် အစောပိုင်းက Sutton နိုက်ကလပ်မှာ အမျိုးသမီးတဦးကို မုဒိမ်းကျင့်မှုဖြင့် ဒီလအစောပိုင်းမှာ ရုံးတင်စစ်ဆေးခံခဲ့ရတာပါ။

သူမရဲ့ ဖြစ်တည်မှုကို ကာကွယ်ဖို့ စခရင်နောက်ကွယ်မှ သက်သေထွက်ဆိုခဲ့သူ စွပ်စွဲမှုက အဲလ်ဗက်စ်ဟာ သူမကို နိုက်ကလပ် သီးသန့်ရေချိုးခန်းထဲ လိင်ဆက်ဆံဖို့ အတင်းအကျပ် ခိုင်းစေခဲ့ရာမှ သူမကို ထွက်သွားခွင့်ပြုဖို့ သူ့ကို တောင်းပန်ရင်း “တုန်လှုပ်ချောက်ချားခဲ့ရတယ်”လို့ အစိုးရရှေ့နေတွေက ဆိုပါတယ်။

ရေချိုးခန်းထဲက ထွက်ပြီးနောက် အဲလ်ဗက်စ်ဟာ သူမကို “တကယ်နာကျင်စေခဲ့တယ်”လို့ သူမနဲ့ အတူရှိခဲ့တဲ့ သူငယ်ချင်းတဦးက နစ်နာသူဟာ “ထိန်းမနိုင်သိမ်းမရ ငိုနေပုံ”ကို တရားရုံးမှာ ပြောပြရင်း မျက်ရည်ကျခဲ့ပါတယ်။

(AFP)