စစ်မှုထမ်းဥပဒေကို ကန့်ကွက်တာထက်ပိုတဲ့ ထိရောက်တဲ့လုပ်ငန်းစဉ်တွေဆောက်ရွက်ဖို့ NUGနဲ့ NUCCကို အိတ်ဖွင့်ပေးစာပေးပို့

မိုးသောက်

မဲဆောက်(မဇ္ဈိမ) ။ ။စစ်ကောင်စီက အတည်ပြုပြဌာန်းပြီးအကောင်အထည်ဖော်နေတဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို ပိုမိုလက်တွေ့ကျတဲ့လုပ်ငန်းစဉ်တွေဆောင်ရွက်နိုင်ဖို့ တိုက်တွန်းထားတဲ့ အိတ်ဖွင့်ပေးစာတစောင်ကို ရန်ကုန်အခြေစိုက်တက္ကသိုလ်ကျောင်းသားသမဂ္ဂများ(တကသများ-ရန်ကုန်)နှင့် ကျောင်းသားလက်ရုံးတပ်တော်(က.လ.တ)တို့က မတ်လ၂၂ရက်နေ့မှာ NUGနဲ့ NUCCတို့ထံသို့ပေးပို့ခဲ့ပါတယ်။

အမျိူးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)၊ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) တို့က စစ်မှုထမ်းဥပဒေကို ပြည်သူတွေဆန့်ကျင်အာခံရန် တိုက်တွန်းပြီး ကန့်ကွက်ကြောင်းလက်မှတ်ကောက်ခံနေတာပါ။

အဲ့ဒီလုပ်ဆောင်မှုတွေထက် ပိုပြီးလက်တွေ့ကျတဲ့လုပ်ငန်းစဉ်တွေဆောင်ရွက်ကြဖို့ကျောင်းသားလူငယ်တွေကမျှော်လင့်နေကြတာပါ။

သတင်း၊တည်းဖြတ်။ ။ မိုးသောက်