နွေဦးတော်လှန်ရေး နေ့စဉ်မှတ်စု (၂၇ မတ် ၂၀၂၄)

အမျိုးသားညီညွတ်ရေး အစိုးရ

  • CRPH နှင့် ရွေးကောက်ခံ လွှတ်တော် ကိုယ်စား လှယ် များအနေဖြင့် မြန်မာပြည်သူများနှင့် အတူ အာဏာသိမ်းစစ်တပ်၏ တရားမဝင်အုပ်ချုပ်ရေး စနစ်နှင့် ၎င်းတို့၏ အကြမ်းဖက်မှုများကို အဆုံး သတ်ရန်၊ ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီ ပြန်လည်ရရှိစေရန်၊ လက်တွဲလုပ်ဆောင်နေကြောင်း မြန်မာလွှတ်တော်ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး က  ၁၄၈ ကြိမ်မြောက် နိုင်ငံတကာပါလီမန်များညီလာခံတွင် ပြောဆိုသည်။
  • မြန်မာပြည်သူများက တရားမဝင်စစ်အုပ်ချုပ်ရေးစနစ်ကို အဆုံးသတ်ပြီး ငြိမ်းချမ်းသည့် အသိုက် အဝန်းတစ်ခုကို တည်ထောင်နိုင်ရန် အကူအညီလိုအပ်နေကြောင်း  ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး က  ၁၄၈ ကြိမ်မြောက် နိုင်ငံတကာပါလီမန်များညီလာခံတွင် ပြောဆိုသည်။
  • တိုင်းပြည်ပြုပြင်ရေးကိစ္စများကို ဆောင်ရွက်ကြသည့် အခါမှာ လုပ်ဆောင်မှုသက်သက်မဖြစ်စေပဲ ရလဒ်ကောင်း ပီပီပြင်ပြင် ထွက်ရှိရေး အလေးထားကြရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလက တိုက်တွန်းပြောဆိုသည်။
  • ပဲခူးတိုင်း၊ မင်းလှမြို့ပေါ်ရှိ နာမည်ဆိုးဖြင့်ကျော်ကြားသော နာမည်ကြီးပျူစောထီးခေါင်းဆောင် မျိုးမြင့်အောင်(ခ)အောင်အောင်ဆိုသူကို နေအိမ်အတွင်း ဝင်ရောက်ပစ်ခတ်ခဲ့ကြောင်း သာယာဝတီ ခရိုင် တပ်ရင်း ၃၈၀၂ မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

တော်လှန်ရေး လှုပ်ရှားမှုများ

  • မြန်မာစစ်တပ်အနေဖြင့် ပြည်သူကိုအကာအကွယ်ပေးရန်နှင့် တိုင်းပြည်ကို စောင့်ရှောက်ရန်ဖြစ် သော်လည်း ပျက်ကွက်နေကြောင်း ရန်ကုန်မြို့ရှိ ကနေဒါသံရုံးက မတ်လ ၂၇ ရက် တော်လှန်ရေး နေ့တွင် ထုတ်ပြန်လိုက်သည်။
  • စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် ပြည်တွင်းစစ် ကျယ်ပြန့်လာနေခြင်းကြောင့် အာဆီယံ နှင့် အတူ ငြိမ်းချမ်းရေးရအောင် ဝိုင်းဝန်းကြိုးပမ်းကြရန် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး David Cameron ကပြီးခဲ့တဲ့ရက်ပိုင်းက တိုက်တွန်းပြောဆိုသည်။
  • အမေရိကန်ပြည်ထောင်စုအနေနှင့် မြန်မာနိုင်ငံဒီမိုကရေစီစနစ် ပြန်လည်ရှင်သန်ရေးနှင့်အတူ မြန်မာ့အရေးကို ပိုမိုအာရုံစိုက်မြှင့်တင်ပေးရေးများနှင့် ပတ်သက်ပြီး နယူးယောက်ပြည်နယ်၏ မြို့တော် Albany မှာ အောက်လွှတ်တော်ကိုယ်စားလှယ် MR. Paul D Tonko နှင့် ဒေါက်တာ မီမီဝင်းဘတ်တို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
  • စစ်ကောင်စီက တပ်မတော်နေ့အခမ်းအနားကို နေပြည်တော်တွင် စစ်ရေးပြအခမ်းအနားများဖြင့် ကျင်းပနေသော်လည်း နိုင်ငံတဝန်းတွင် တိုက်ပွဲများကြောင့် အတိဒုက္ခရောက်နေရပြီး ၎င်းတို့ ကျူးလွန်ခဲ့ သည့် အကြမ်းဖက်မှုများအတွက် တာဝန်ခံမှုရှိစေရန်ကြိုးပမ်းမည်ဟု ယူကေနိုင်ငံ အင်ဒို-ပစိဖိတ်ရေးရာ ဝန်ကြီး Anne-Marie Trevelyan က မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှသံရုံးမှ တဆင့် သတင်းစကားပါးသည်။
  • စစ်ကိုင်းတိုင်း ၊ တမူးမြို့တွင် တိုက်ပွဲနှစ်ရက်ဆက်ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်နှင့် ပျူစောထီးများက ချိတ်ပိတ်ထားသည့် ကာကွယ်ရေးတပ်ဖွဲ့ဝင်၏ နေအိမ်ကို မီးရှို့ခဲ့ကြောင်း မြို့နယ်ကာကွယ်ရေးတာဝန်ရှိသူက ပြောသည်။
  • စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် အတွင်းက ကျေးရွာများသို့ သွားရောက်၍ လူထုနိုင်ငံရေး တရား ဟောပြောခြင်းနှင့် တော်လှန်ရုပ်ရှင် ပြသခြင်းများ ပြုလုပ်ခဲ့ကြောင်း မုံရွာလူထုသပိတ် တိုက်ပွဲ ဦးဆောင်ကော်မတီထံမှ သိရသည်။
  • စစ်ကိုင်းတိုင်း ၊ ခင်ဦးမြို့နယ်တွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်က တဲစုကျေးရွာတွင် PDF တဦးကို သတ်ဖြတ်ခဲ့ပြီး ရွာကို မီးရှို့၍ ဒေသခံများ သောင်းနှင့်ချီ ထွက်ပြေးတိမ်းရှောင်နေရ ကြောင်း သိရသည်။
  • မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း တရားမဝင်သဘာဝ သယံဇာတထုတ် ယူမှုများ အရှိန်မြင့်လာချိန် သံလွင်မြစ်ထဲမှာလည်း မြစ်သဲကျောက်ထုတ်ယူမှုများ လည်းတိုး လာကြောင်း စောင့်ကြည့်အဖွဲ့များက ပြောသည်။
  • ရန်ကုန်မြို့ လူစည်ကားရာ နေရာအချို့တွင် ယနေ့ (မတ်လ ၂၇) ၌ ဗကသများအဖွဲ့ချုပ်က ကျောင်းသားလူငယ်များက ဦးဆောင်၍ ဖက်ဆစ်တော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုံ့ဆော်စာများ ဖြန့်ဝေခဲ့သည်။
  • မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသတွင် တစ်သောင်းတန်ငွေစက္ကူအတု အရွက်တစ်ထောင်ကျော်(ကျပ် ၁၀ သန်း​ကျော်) သိမ်းဆည်းရမိပြီး မီးရှို့ဖျက်ဆီးလိုက်ကြောင်း Y.L.K – ပြောက်ကျားတပ်ဖွဲ့၏ တာဝန်ရှိသူက ပြောသည်။
  • မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ အိုင်းမကျေးရွာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး နေအိမ်ထဲအထိ ဝင်ရောက်ပစ်ခတ်ခံရပြီး သေနတ်ချ၍ ထွက်ပြေးလွတ်မြောက်သွားကြောင်း သတင်းရရှိသည်။
  • ရိုဟင်ဂျာ ပြည်သူလူထုကိုကိုယ်စားပြုပြီး ညီညွတ်သော ရိုဟင်ဂျာနိုင်ငံရေးအင်အားစု တစ်ရပ်ပေါ် ထွန်းလာစေရန် ဦးဆောင်လှုပ်ရှားမှုအဖွဲ့(ယာယီ)ကို ဖွဲ့စည်းလိုက်ကြောင်း ယမန်နေ့(မတ်လ ၂၆ရက်) ထုတ်ပြန်ကြေညာသည်။
  • ကရင်ပြည်နယ်တွင် ဖာပွန်ခရိုင်၊ တပ်ရင်း-၁ (Spring Warriors Column) မှ တပ်ရင်းမှူး ညီသန့်၊ ဒုတပ်ရင်းမှူးကိုထက် အပါအဝင် သူရဲကောင်းရဲဘော်ရဲဘက်များကို မိသားစုဝင်များက လာ‌ရောက် တွေ့ဆုံခြင်းနှင့်အတူ ကျန်ရှိနေသောရဲဘော်ရဲဘော်ရဲဘက်များကလည်း အောက်မေ့သတိရ ဂုဏ်ယူစွာနှင့် အလေးပြုခဲ့ကြောင်းသိရသည်။

တိုင်းရင်းသား လက်နက်ကိုင်များ 

  • ရခိုင်ပြည်နယ်၊ အမ်း-​တပ်​တောင်ကားလမ်းအထွက် စစ်​ကောင်စီ​ထောက်ပို့တပ်အနီး ရက္ခိုင့်တပ်​တော်(AA)မှထိုးစစ်ဆင်တိုက်ခိုက်ရာ တပ်မိသားစုဝင်များကားဖြင့် အ​နောက်ပိုင်းတိုင်း စစ်ဌာနချုပ် ထဲသို့ ထွက်​ပြေးတိမ်း​​ရှောင်​နေ​ကြောင်း​သိရသည်။
  • ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့ရှိ ခမရ (၅၅၂) ကို မတ်လ ၂၅ ရက်နေ့တွင် အပြီးသတ် သိမ်းပိုက်လိုက်ပြီး မောင်တောရှိ တမန်းသာရဲ ကင်းစခန်းမှ လက်နက်ချအညံ့ခံသော စစ်ကောင်စီ အင်အား ၁၀၀ ကျော်ကို ကောင်းမွန်စွာ ထိန်းသိမ်းထားကြောင်း ရက္ခိုင့်တပ်‌တော် (AA) က ထုတ်ပြန်သည်။
  • မြန်မာနိုင်ငံ၏ လူသားခြင်းစာနာထောက်ထားမှု အကူအညီ လိုအပ်သည့် အကြပ်အတည်းသည် လူလုပ်အကြပ်အတည်း ဖြစ်ပြီး စစ်တပ်(စစ်ကောင်စီ)က ပြည်သူကို ရည်ရွယ်ချက် ရှိရှိဖြင့် ပစ်မှတ် ထား တိုက်ခိုက်နေသည့်အတွက် ဖြစ်ပေါ်လာရခြင်းဖြစ်ကြောင်း ကရင်အမျိုးသားအစည်း အရုံး (KNU)က ထုတ်ပြန်ခဲ့ပြီး စစ်တပ်သည် လူသားခြင်း စာနာထောက်ထားမှု အကူအညီ အပေါ် နိုင်ငံရေးအရ အမြတ်ထုတ်ရန် အစဉ် နည်းလမ်းရှာကြံနေသည်ဟု ဖော်ပြသည်။
  • ကချင်ပြည်နယ် ဗန်းမော်- လွယ်ဂျယ်ကာလမ်း လွယ်ဂျယ်အနီးရှိ စစ်ကောင်စီတပ်စခန်းများကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ယနေ့ မနက်တွင် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း စစ်ရေးသတင်းရင်းမြစ်ကပြောသည်။
  • ကရင်အမျိုးသားအစည်းအရုံး(KNU)၊တပ်မဟာ(၅)နယ်မြေ ဖာပွန်မြို့တွင် စစ်ကောင်စီတပ်က ဒရုန်းဖြင့် တိုက်ခိုက်၍ အရပ်သား ပြည်သူသေဆုံးထိခိုက်ပြီး စစ်ဘေးတိမ်းရှောင်နေကြရကြောင်း တပ်မဟာ(၅)က အသိပေး ထုတ်ပြန်သည်။
  • တော်လှန်သော ရဲဘော်များ အနေဖြင့် ညီညွတ်စွာ တိုက်ပွဲဝင်ရန် အချိန်ကျရောက်ပြီဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ကာကွယ်ရေးဌာန ဌာနမှူး ပဒိုစောစဲဂေက  မတ်လ ၂၆ရက်တွင် ကြေညာချက်ထုတ်ပြန်လိုက်သည်။

စစ်ကောင်စီ

  • ရခိုင်ပြည်နယ်၊ အမ်းမြို့ရှိ အကျဥ်းသား၊အချုပ်​သား ၅၀ နီးပါးကို မတ်လ ၂၄ရက်နေ့တွင် ရန်ကုန် တိုင်း အင်းစိန်ဗဟို အကျဥ်း​ထောင်သို့​ ပြောင်း​ရွှေ့ပို့​ဆောင်ခဲ့ကြောင်း သိရသည်။
  • နိုင်ငံခြားငွေလဲလှယ်သည် Money Changer ၆ ခုကို လိုင်စင်ရုပ်သိမ်းလိုက်ပြီး ၄ ခုကိုတော့ ဆိုင်းငံ့ခြင်းများ ပြုလုပ်လိုက်ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်လိုက်သည်။
  • သင်္ကြန်တွင် ရေကစားရန် ပြည်သူ့ရင်ပြင်နှင့် ပြည်သူ့ဥယျာဉ်ဝင်းအတွင်း တည်ဆောက်နေသော မြေအောက်ရေလှောင်ကန်တည်ဆောက်မှု ၉၀ ရာခိုင်နှုန်းပြီးစီးနေပြီဟု ရန်ကုန် စည်ပင်က ထုတ်ပြန်သည်။
  • တပ်မတော် (လေ) မှ လေ့ကျင့်ရေး ရဟတ်ယာဉ်ငယ် တစ်စီး မတ်လ ၂၆ ရက်၊ နံနက်ပိုင်းက လေ့ကျင့်ပျံသန်းရေး ဆောင်ရွက်စဉ် စက်ချို့ယွင်းပြီး မတော်တဆမှု ဖြစ်ပွားခဲ့ကြောင်း စစ်ကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့က ထုတ်ပြန်ထားသည်။
  • နေပြည်တော်သည် မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးမြို့တော်ဖြစ်ပြီး ပြည်တွင်းပြည်ပ ခရီးသွားများ အတွက် ကားလမ်းခရီး၊ ရထားလမ်းခရီးသာမက လေကြောင်းခရီးဖြင့်ပါ လွယ်ကူစွာ သွားလာ လည်ပတ်နိုင်သည့်အတွက် လည်ပတ်နိုင်သည့်ခရီးစဉ်ဒေသတစ်ခုအဖြစ် အဆင့်မြှင့်မည်ဟု စစ်ကောင်စီ ဟိုတယ်ခရီး ဝန်ကြီးဌာနက ပြောသည်။
  • စစ်ကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေး ဝန်ကြီးဌာန၊ ပြည် ထောင်စု ဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် သည် မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂယာယီဌာနေညှိနှိုင်း ရေးမှူးနှင့် လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ ယာယီညှိနှိုင်းရေးမှူးဖြစ်သူ Mr. Marcoluigi Corsi တို့ နေပြည်တော် ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ ဆွေးနွေးခဲ့ကြောင်း သတင်းထုတ် ပြန်သည်။
  • အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် နှင့် ဇနီးဒေါ်ကြူကြူလှတို့က တပ်မတော်နေ့ အခမ်းအနား တက် ရန်ရောက်နေသည့် အငြိမ်းစား တပ်မ တော်အရာရှိကြီးများနှင့် ဇနီးများအား တွေ့ဆုံ ဂါရဝပြုခဲ့ကြောင်း ထုတ်ပြန်သည်။

မတ် ၂၇ သုံးသပ်ချက်

  • အာဏာသိမ်းစစ်တပ်သည် တပ်မတော်နေ့ အခမ်းအနားကို မည်သို့ကြီးကျယ်ခမ်းနားစွာ ပြုလုပ်နေပါစေ ပြည်သူလူထူကို ကာကွယ်ရမည်အစား တိုင်းပြည်ကိုလုကာ ပြည်သူကို သတ်ဖြတ်နေသည့် စစ်တပ်ကို မည်သည့်နိုင်ငံကမှ လေးစားမည်မဟုတ်ဘဲ စိတ်ဓာတ် အောက်တန်းကျသည့် လက်နက်ကိုင်တစ်ခုအဖြစ်သာ သတ်မှတ်မည်ဖြစ်သည်။