ပုလဲမြို့နယ်တွင် စစ်ကောင်စီတပ်က စစ်ကြောင်းမှူးဗိုလ်ကြီးကို ကာကွယ်ရေးတပ်ဖွဲ့ဖမ်းဆီး

ပုံအညွှန်း - ဖမ်းဆီးထားသည့် စစ်ကောင်စီတပ်က ဗိုလ်ကြီး

ပုံအညွှန်း – ဖမ်းဆီးထားသည့် စစ်ကောင်စီတပ်က ဗိုလ်ကြီး (ဓါတ်ပုံ – ယင်းမာပင်ခရိုင် တပ်ရင်းအမှတ်(၁၉) Pale Joker PDF)

ပါခွီး

(မဇ္စျိမ)။ ။ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင် စစ်ကောင်စီတပ်က ဗိုလ်ကြီးတဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ယင်းမာပင်ခရိုင် တပ်ရင်းအမှတ်(၁၉) Pale Joker PDF က မတ်လ ၂၈ ရက် ယနေ့ထုတ်ပြန်သည်။

ပုလဲမြို့နယ် ၊ ကန့်ဒေါင့်နယ်မြေရဲစခန်းမှ စစ်ကြောင်းမှူး ဗိုလ်ကြီး ဟိန်းရဲထက်ကို မတ်လ ၂၇ ရက်နေ့က ကာကွယ်ရေးတပ်ဖွဲ့မှ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

“ကျနော်တို့က သူ အရင်ရက်တွေကတည်းက ထွက်လာနေတာကိုသိတဲ့အတွက် သတိထားစောင့်ကြည့် နေခဲ့တာကြာပါပြီ။ မနေ့ကတော့ သူတယောက်တည်း ဆိုင်ကယ်နဲ့ထွက်လာပြီး ကျနော်တို့ဖက်ကို နယ် ကျွံလာတဲ့အတွက် ဖမ်းဆီးလိုက်တာပါ” ဟု Pale Joker PDF တပ်ဖွဲ့၏ တပ်ရင်းမှူးဗိုလ်ပုလဲကမဇ္စျိမကို ပြောသည်။

၎င်းနှင့်အတူ ဆိုင်ကယ်တစီး၊ လက်ကိုင်ဖုန်းတလုံးနှင့် စကားပြောစက်တလုံး သိမ်းဆည်းရမိပြီး လက်နက် ကိုင်ဆောင်လာခြင်းမရှိဟု ဆိုသည်။

ယင်းမာပင်ခရိုင် တပ်ရင်းအမှတ်(၁၉)သည် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံဖြစ်သောကြောင့် အစိုးရ၏မူဝါဒအတိုင်း ယခုဖမ်းဆီးရမိသောဗိုလ်ကြီးကို စစ်သုံ့ပန်း ဥပဒေနှင့်အညီကိုင်တွယ်သွားမည်ဖြစ်ကြောင်း ဗိုလ်ပုလဲက ဆက်ပြောသည်။

မတ်လ ၂၇ ရက်နေ့တွင်ကျရောက်သည့် ဖက်ဆစ်တော်လှန်ရေးနေ့၊ စစ်ကောင်စီက ပြောဆိုနေသည့် တပ်မတော်နေ့တွင် ၎င်းတို့ အခမ်းအနားများကျင်းပနေချိန် ပြည်သူများအတွက် သတင်းကောင်း လက် ဆောင်ပေးအပ်နိုင်ခဲ့သောကြောင့် ကျေနပ်ကြောင်း ကာကွယ်ရေးတပ်ဖွဲ့တပ်ရင်းမှူးက ပြောဆိုခဲ့သည်။

ပြီးခဲ့သော မတ်လ ၁၃ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်ခန့်ကလည်း ယခုဖမ်းဆီးရမိသည့် ဗိုလ်ကြီး ဟိန်းရဲထက်ဦးစီးသည့် ကန့်ဒေါင့်နယ်မြေရဲစခန်းမှ စစ်ကောင်စီတပ်သားများနှင့် ရဲများ ပတ်ကင်းထွက် လာစဉ် Pale Joker PDF နှင့် ပုံတောင်ဂဠုန် LPDF တို့ပူးပေါင်းပြီး မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်မှ တဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

စာတည်း။ ။စောဖေ