စစ်ကောင်စီကြည်း၊ရေ၊လေစစ်ဆင်ရေးကြားကနေ အောင်လံထူခဲ့တဲ့ ကော့ဘိန်းစခန်းသိမ်းတိုက်ပွဲ

ဟန်ထူးဇော်

(မဇ္ဈိမ)။ ။မွန်ပြည်နယ်နဲ့နယ်စပ်ဖြစ်တဲ့ ကရင်ပြည်နယ်၊ကော့ကရိတ်မြို့နယ်၊ ကော့ဘိန်းကျေးရွာမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းတွေကို ကရင်နဲ့မွန်တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက မတ်လ၂၄ရက်နေ့ နံနက်ကစပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါတယ်။

စစ်ကောင်စီကလေကြောင်းရော မြေပြင်စစ်ကြောင်းကပါ ခုခံတိုက်ခိုက်ခဲ့သလို ဂျိုင်းမြစ်ထဲက စစ်သင်္ဘောပေါ်ကနေလည်း လက်နက်ကြီးပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ ဒါပေမယ့် တော်လှန်ရေးတပ်ဖွဲ့တွေ နှစ်ရက်ကြာထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးတဲ့နောက် မတ်လ၂၅ရက်နေ့ မွန်းလွဲ၂နာရီမှာ စစ်ကောင်စီတပ်စွဲထားတဲ့ တိုက်နယ်ဆေးရုံ၊ စာသင်ကျောင်းနဲ့ရဲစခန်းကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ စစ်ကောင်စီရဲ့လေကြောင်းနဲ့လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကော့ဘိန်းကျေးရွာနဲ့ ဓမ္မသကျေးရွာက နေအိမ်အများအပြား မီးလောင်ပျက်စီးခဲ့ပါတယ်။

ဆုံးရှုံးခဲ့တဲ့စခန်းတွေပြန်ရဖို့အတွက် စစ်ကောင်စီရဲ့ စစ်ကူတွေဟာ တရနာကျေးရွာနဲ့ ဘားအံမြို့နယ်က ခရားကျေးရွာ၊ သံလှယ်ကျေးရွာတို့မှာ ရောက်နေတာကြောင့် တိုက်ပွဲပိုမိုပြင်းထန်မှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။

အဲ့ဒီအကြောင်းကို မဇ္ဈိမရဲ့ စစ်မြေပြင်သတင်းထောက်ဟန်ထူးဇော်က တင်ဆက်ပေးထားပါတယ်။

ရိုက်ကူး-ဟန်ထူးဇော်၊ကျီးကန်း
တည်းဖြတ်/တင်ဆက် – ဟန်ထူးဇော်