နွေဦးတော်လှန်ရေး နေ့စဉ်မှတ်စု (၂၆ ဧပြီ ၂၀၂၄)

“ဝ” ပြည်နယ်ရဲမှ တရုတ်နိုင်ငံသို့ ၂၀၂၃ စက်တင်ဘာ ၆၊၇ ရက်နေ့တွင် အွန်လိုင်းငွေလိမ်လုပ်ငန်း လုပ်သူများ လွှဲပြောင်းပေးစဉ်

အမျိုးသားညီညွတ်ရေး အစိုးရ

  • တပ်ရိက္ခာ၊ ဒေသအလိုက် အရံရိက္ခာ ဖြည့်ဆည်းမှုအတွက် မြေပြင်တာဝန်ရှိသူများ အာရုံစိုက်လုပ်ဆောင် ကြရန် အမျိုးသား ညီညွတ်ရေး အစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ဧပြီ ၂၄ ရက်က ပြု လုပ်သည့် ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေးတွင် မှာ ကြားခဲ့သည်။
  • အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ နှင့် မန္တလေးတိုင်း၊ မကွေးတိုင်း တို့တွင် ရှိသည့် မြို့နယ်ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ အစည်းအဝေးကို ဧပြီ ၂၄ ရက် မွန်းလွဲ ၁ နာရီတွင် ပြုလုပ်ခဲ့သည်။
  • အမျိုးသားညီညွတ်ရေးအစိုးရ ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ နှင့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းတို့တွင် ရှိသည့် ခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးမှုကို ဧပြီ ၂၅ ရက် မွန်းလွဲ ၃ နာရီတွင် ပြုလုပ်ခဲ့သည်။
  • ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်ရှိ  ခမရ ၄၃၄ တပ်ရင်း၊ ရဲစခန်း၊ ကင်းစခန်းများ၊ ခလရ ၁၉  တို့ကို ဧပြီ ၂၅ ရက်က တိုက်ခိုက်သိမ်းပိုက်ပြီး ဖာပွန်မြို့ကို တော်လှန်ရေးတပ်များက ထိန်းချုပ်ထားကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက တရားဝင်ကြေညာသည်။
  • မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာ ပြည်သူ့ စစ်ခေါင်းဆောင် နှင့် ဒုခေါင်းဆောင် တို့ကို PDF တပ်ဖွဲ့က ဖမ်းဆီးပြီး ဧပြီ ၂၃ ရက်၊ နံနက်ပိုင်းက စစ်ဆေးနေစဉ် သေနတ်လု ပစ်ခတ်သော ကြောင့် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားကာ ပြည်သူ့ စစ်ခေါင်းဆောင် ၂ ဦးလုံး သေဆုံးခဲ့ကြောင်း ပြည်သူ့ ကာကွယ်ရေး တပ်မတော် ဒေါနစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

တော်လှန်ရေး လှုပ်ရှားမှုများ

  • စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် နည်းပညာတက္ကသိုလ်(စစ်ကိုင်း) ကျောင်းသားသမဂ္ဂအထွေထွေအတွင်း ရေးမှူး (ဟောင်း) မလွင်ချိုမြင့်ကို စစ်ကောင်စီလက်အောက်ခံ တရားရုံးမှ ထောင်ဒဏ် ၁၇ နှစ် ချမှတ် လိုက်ပြီး မိခင်ဖြစ်သူကိုလည်း ဖမ်းဆီးထားကြောင်း မိသားစုဝင်ထံမှ သိရသည်။
  • စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် ယင်းမာပင်မြောက်ခြမ်း သပိတ်အင်အားစု နှင့် ပြည်သူများ ပူးပေါင်းကာ စစ်အာဏာရှင် အလိုမရှိကြောင်း ယနေ့ ချီတက်ဆန္ဒပြခဲ့ကြောင်း သိရသည်။
  • စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ တောပုရွာမှ ပျူစောထီးများ မုံရွာ – မန္တလေး လမ်းပိုင်းပေါ်တက်၍ ဆက်ကြေးကောက်နေစဉ် ၄၀ မမ ၊ လက်နက်ငယ်များဖြင့် ဧပြီ ၂၅ ရက်၊ မွန်းလွဲပိုင်းက ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၂ ဦး သေဆုံးခဲ့ကြောင်း မုံရွာခရိုင်အမှတ် ၁၁ တပ်ရင်း People’s Defence Force – South Monywa တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
  • စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အခြေစိုက် အကြမ်းဖက်စစ်တပ်၏ အနောက် မြောက်တိုင်း စစ်ဌာနချုပ် (နမခ) အတွင်းကို ရော့ကတ် အလုံး ၂၀ ၊ ဒရုန်း ၅ စီးဖြင့် ဧပြီ ၂၄ ရက်၊ ည ၇နာရီခန့်တွင် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်တိုင်းမှူး အပါအဝင် အများအပြား သေဆုံးခဲ့သည်ဟု ကျောက်လုံးကြီး PDF ထုတ်ပြန်ထားသည်။
  • စစ်ကိုင်းတိုင်း ၊ ကလေးမြို့မြောက်ပိုင်း ၊ ပျဥ်းတောဦးရွာတွင် စစ်ကောင်စီတပ်က ပစ်ခတ်သော လက်နက် ကြီးကျည်သည် ဧပြီ ၂၄ ရက် နှင့် ၂၅ ရက် နှစ်ရက်ဆက်တိုက် ကျရောက်ပေါက်ကွဲပြီး ကလေးနှစ်ဦး အပါ အဝင် လေးဦး သေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။
  • စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ရွှေပြည်သာကျေးရွာတွင် ဧပြီ ၂၅ ရက်၊ ညနေပိုင်းက စစ်တပ်က ပစ်ခတ် သော လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲ၍ အသက် ၆၀ နှစ်အရွယ် ဒေါ်အေးစိန်ပွဲချင်းပြီး သေဆုံး ကြောင်း ဒေသခံပြည်သူများက ပြောသည်။
  • မကွေးတိုင်း၊ ပခုက္ကူမြို့နည်းပညာ တက္ကသိုလ်တွင် လုံခြုံရေးယူထားသော စစ်ဖက်ရေးရာလုံခြုံရေး တပ်ဖွဲ့ဝင်တစ်ဦးအား ပစ်ခတ်ခဲ့ရာ သေဆုံးသွားကြောင်း Southern YSO PDF မှ ယနေ့ ဧပြီ ၂၅ရက်က သတင်းထုတ်ပြန်သည်။
  • ကချင်ပြည်နယ်၊ မြစ်ကြီးနားအကျဉ်းထောင်၌ ထောင်ဆူသည်ဟုဆို၍ ပစ်ခတ်မှုတွင် ပါဝင်သည့် အကျဉ်းထောင်အရာရှိများ အပါအဝင် ထောင်ဝန်ထမ်း ၅ ဦးကို စစ်ကောင်စီက ဧပြီ ၂၄ ရက်တွင် ဖမ်းဆီးအရေးယူထားကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPMN) က ထုတ်ပြန်သည်။
  • ကရင်နီ(ကယား) ပြည်နယ်၊ ဖယ်ခုံမြို့နယ်တွင် ပြည်သူ ၅ ဦးကို အကြမ်းဖက် စစ်တပ်က ဖမ်းဆီးပြီး ညှင်းပန်းနှိပ်စက်ကာ သတ် ဖြတ်ခဲ့ကြောင်း ကယန်းအမျိုးသမီးအစည်းအရုံး -KWO ၏ တရားဝင် ထုတ်ပြန်ချက်အရ သိရသည်။
  • စစ်ပွဲဖြစ်ပွားနေသည့် တိုင်းရင်းသားနယ်မြေ နှင့် ဒေသအသီးသီးတွင် သတင်းသမားများ လုံခြုံရေး သတင်းလွတ်လပ်ခွင့် နှင့် လွတ်လပ်စွာသတင်းရယူခွင့်ကို အာမခံရန် နှင့် ဖယ်ဒရယ်ဒီမိုကရေစီ ပြည် ထောင်စုကို ရည်မှန်းချက်ထားသည့် တော်လှန်ရေးအဖွဲ့များ မီဒီယာ၏ စံနှုန်းတန်ဖိုးများကို လေးစား ကျင့်သုံးရန်အတွက် လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ (IPCM) က ယနေ့ တိုက်တွန်း ကြောင်း ထုတ်ပြန်ထားသည်။

တိုင်းရင်းသား လက်နက်ကိုင်များ

  • ချင်းပြည်နယ် တောင်ပိုင်း၊ မင်းတပ်မြို့နယ်က ဝမ္မသူး တိုက်နယ် ဆေးရုံကို စစ်ကောင်စီတပ်က ဧပြီ ၂၅ ရက်နေ့၊ ည ၈ နာရီခန့်တွင် လေကြောင်းတိုက်ခိုက်ခဲ့၍ အနည်းဆုံး လူလေးဦး သေဆုံးသွားကြောင်း မင်းတပ် CDF က မဇ္ဈိမကို ပြောသည်။
  • ချင်းပြည်နယ်၊ မင်းတပ်မြို့မှ ရဲတပ်သား ၁ ဦးသည် ဧပြီ ၁၀ ရက်က သေနတ် ၃ လက်ယူဆောင်လာပြီး အလင်းဝင်လာသောကြောင့် ငွေကျပ်သိန်း ၁၀၀ ချီးမြှင့်ခဲ့ကြောင်း CDF ကန်ပက်လက် တူမီးတပ်ရင်းထံမှ သိရသည်။
  • ကချင်ပြည်နယ် ၊ ကချင်လွတ်လပ်​ရေးအဖွဲ့/ကချင်လွတ်လပ်​ရေးတပ်မ​တော် (KIO/KIA )ဌာနချုပ် တည်ရှိရာ လိုင်ဇာမြိုအဝင်၌ မြို့အဝင် ဆိုင်းဘုတ်သစ်ကို ယနေ့ ဧပြီ ၂၆ ရက်တွင် ဖွင့်လှစ်လိုက်သည်။
  • ကရင်ပြည်နယ်၊ ဖာပွန်အခြေစိုက် စစ်ကောင်စီ တပ်စခန်း နှစ်ခုအား KNLA နှင့် ပူးပေါင်းတပ်ဖွဲ့က ဧပြီ ၂၄ ရက်၊ နံနက်ပိုင်းက တစ်ပြိုင်တည်း သိမ်းပိုက်လိုက်ပြီး လက်နက်ခဲယမ်းများ ရရှိကြောင်း KNU မူတြော် သ တင်းစဉ်က ထုတ်ပြန်သည်။
  • ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်တွင် မိုင်းနင်းမိကာ စစ်ဘေးရှောင် ခြောက်ဦး ထိခိုက် ဒဏ်ရာ ရထားကြောင်း KNU ဗဟိုက ဧပြီ ၂၅ ရက်တွင် သတင်းထုတ်ပြန်သည်။
  • ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ သူဌေးရေအား လျှပ်စစ်စီမံကိန်းအနီးတွင် ဧပြီ ၂၆ ရက်၊ နံနက်ပိုင်းက AA နှင့် အကြမ်းဖက် စစ်တပ်တို့ တိုက်ပွဲ ပြင်းထန်နေပြီး မြန်မာစစ်တပ်၏ ရေတပ် သင်္ဘောကလည်း လက် နက်ကြီးများဖြင့် ဆက်တိုက် ပစ်ကူနေကြောင်း ဒေသခံပြည်သူများက ပြောသည်။
  • ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ သံတွဲမြို့နယ်၊ ဘူးသီးတောင်မြို့နယ်နှင့် မောင်တောမြို့နယ်တို့တွင် အာရက္ခ တပ်တော် AA နှင့် အကြမ်းဖက် စစ်ကောင်စီတပ်တို့ တိုက်ပွဲများ ပြင်းထန်လျက်ရှိကြောင်း ဒေသတွင်း သတင်း ရင်းမြစ်များထံမှ သိရသည်။
  • ဓနုလူမျိုးစုများ အများဆုံးနေထိုင်သည့် ရှမ်းပြည်နယ် တောင်ပိုင်း၊ ရွာငံ၊ ကလော၊ ပင်းတယ၊ ရပ်စောက် နှင့် နောင်ချိုမြို့နယ်တို့တွင် အ​ကြမ်းဖက် စစ်ကောင်စီ ထောက်တိုင်အဖြစ် ရပ်တည်နေသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများက အတင်းအဓမ္မတပ်သားသစ် စုဆောင်းနေသည့်အပေါ်  အပြင်းအထန်ကန့်ကွက်ကြောင်း ဓနုအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော် (၁၀၀၃ တပ်ရင်း ) က ဧပြီ ၂၅ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာလိုက်သည်။
  • ကရင်နီ (ကယား) ပြည်နယ်၊ ဖားဆောင်းမြို့တွင် ခလရ ၁၃၄ တပ်ရင်း တစ်ခုသာ ကျန်ရှိတော့ပြီး စစ် အင်အား ဖြည့်တင်း ခုံခံနေသဖြင့် မြို့ကို မသိမ်းပိုက်နိုင်ခြင်းမရှိသေးဘဲ ဧပြီ ၂၃ ရက်တွင် တိုက်ပွဲဆက် လက် ပြင်းထန်နေကြောင်း ကရင်နီတော်လှန်ရေးသတင်းရင်းမြစ်က ပြောသည်။
  • ရှမ်းပြည်နယ် (မြောက်ပိုင်း) ၊ မူဆယ်ခရိုင်၊ မုံးကိုးမြိုရှိ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ရုံးကို မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ် တပ်မတော် (MNDAA) က ဧပြီ ၂၃ ရက်နေ့က ချိတ်ပိတ် ခဲ့သည်။
  • မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) က လူဆယ်ဦးကို သေဒဏ်ချခဲ့ပြီး သုံးဦးကို သေဒဏ်စီရင်လိုက်ကြောင်း သတင်းများပေါ် စိုးရိမ်ကြောင်း နှင့် သေဒဏ်ချသည့် ဆုံးဖြတ် ချက်ကို ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း ဥရောပသမဂ္ဂက ယနေ့ ဧပြီလ ၂၅ ရက်တွင် သတင်းထုတ် ပြန်သည်။

စစ်ကောင်စီ

  • လောင်းကစားလိမ်ညာမှု၊ မူးယစ်ဆေးဝါးစသည့် နယ်စပ်ဖြတ်ကျော် ပြစ်မှုများကို ထဲထဲဝင်ဝင် တိုက်ဖျက်သွားလိုကြောင်း တရုတ်ပြည်သူ့ လုံခြုံရေးဝန်ကြီး ဝမ်ရှောင်ဟုန်က ဧပြီ ၂၅ ရက်က ပေကျင်းမြို့တွင် စစ်ကောင်စီ ပြည်ထဲရေးဝန်ကြီး ရာပြည့် နှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ သည်ဟု တရုတ်သတင်းဌာနဆင်ဟွာ၏ ဖော်ပြချက်အရ သိရသည်။
  • မြန်မာနိုင်ငံ၏ သစ်တောဖုံးလွှမ်းမှုသည် ၂၀၂၀ ပြည့်နှစ်တွင် နိုင်ငံဧရိယာ၏ ၄၂ ဒသမ ၁၉ ရာခိုင်နှုန်းရှိပြီး ၂၀၁၀ ကနေ ၂၀၂၀ ပြည့်နှစ်အတွင်း နှစ်စဉ် ပျမ်းမျှ သစ်တောပြုန်းတီးမှုက နိုင်ငံဧရိယာ၏ ၀ ဒသမ ၉၆ ရာခိုင်နှုန်းရှိကာ နှစ်စဉ် ပျမ်းမျှ ဧက ၇ သိန်းကျော် ပြုန်းတီးနေသည်ဟု စစ်ကောင်စီ သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင် ဝန်ကြီး ဦးခင်မောင်ရီက ပြောသည်။
  • လယ်ယာမြေကို (၂)နှစ်အထက် လှပ်ထားတာကို စိစစ်တွေ့ရှိပါကဥပဒေ၊ နည်းဥပဒေများနှင့် အညီ ပြန်လည်သိမ်းယူရမည် ဖြစ်သည်ဟု စစ်ကောင်စီ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး  ဦးမင်းနောင်က ပြောသည်။
  • စိုက်ပျိုးထွက်ရှိလာမည့် ဆီထွက်သီးနှံများမှ အရည်အသွေးမြင့်မားသည့် စားသုံးဆီများ ထုတ်လုပ် နိုင်ရေး အတွက် စက်မှုဝန်ကြီးဌာနအနေဖြင့် ဆီစက်လုပ်ငန်းရှင်များနှင့် ပူးပေါင်းဆောင်ရွက် သွားမည် ဖြစ် ကြောင်း စစ်ကောင်စီ စက်မှုဝန်ကြီး ဒေါက်တာ ချာလီသန်းက ပြောသည်။
  • မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများ နှင့် မြစ်ဝကျွန်းပေါ်ဒေသများတွင် ဧပြီလကုန်လောက်အထိ အပူချိန် ထပ်တိုးလာ နိုင်သည်ဟု စစ်ကောင်စီ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးလှထွန်းက ပြောသည်။
  • ငြိမ်းချမ်းရေး အကျိုးဆောင်ပါတီကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံ တင်ခွင့် ပြုလိုက်သည်ဟု စစ်ကောင်စီ လက်အောက်ခံ ပြည် ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဧပြီလ ၂၅ ရက်တွင်ထုတ်ပြန် ကြေညာသည်။
  • ယခု ၂၀၂၄ -၂၀၂၅ ဘဏ္ဍာနှစ်တွင် မိုးစပါးစိုက်ဧရိယာ ဧက ၁၅ သန်းကျော် စိုက်ပျိုးမည်ဖြစ်ကြောင်း စစ်ကောင်စီ လက်အောက်ခံ စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
  • တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ရင်ဆိုင်တိုက်ပွဲများတွင် စစ်ရှုံးနေသည့် စစ်ကောင်စီတပ်သည် တန်ပြန်ထိုးစစ်ဆင်နိုင်ရန်အတွက် ဒရုန်းတပ်ဖွဲ့ကို စတင်အသုံးပြုလာနေသည်ဟု စစ်တပ် အသိုင်းအဝိုင်း ကနေ သိရသည်။
  • ဧရာဝတီတိုင်း၊ ဟင်္သာတမြို့တွင် ဧပြီ ၂၂ ရက်က အမျိုးသားခြောက်ဦး ဖမ်းဆီးပြီး စစ်ကြောရေးသို့ ပို့ဆောင်ခံထားရကြောင်း စစ်ကောင်စီ နှင့် နီးစပ်သူများထံမှ သိရသည်။
  • ရေး-ထားဝယ် လမ်းပိုင်းရှိ မလွှဲတောင် စစ်ဆေးရေးဂိတ်ကို စစ်ကောင်စီတပ်က တရက်လျှင် ငါးနာရီသာ ဖွင့်ပေးသည့်အတွက် ခရီးသည်တင်ကားများနှင့် ကုန်ကားများ ပိတ်မိနေသည်ဟု ခရီးသွားသူများ နှင့် ယာဉ်မောင်းများထံမှ သိရသည်။
  • ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်ရှိ ထိုင်း-မြန်မာ နယ်စပ်ဖြတ်ကျော်သည့် အမှတ် ၁ ချစ်ကြည်ရေးတံတား နှင့် အမှတ် ၂ ချစ်ကြည်ရေးတံတားကို စစ်ကောင်စီက ပိတ်ထားဆဲဖြစ်ကြောင်း မြ၀တီမြို့အခြေစိုက် ကုန် သည်များ နှင့် စီးပွားရေး သမားတစ်ချို့၏ ပြောဆိုချက်ကို ကိုးကားပြီး ရန်ကုန်ခေတ်သစ်သတင်းဌာန တွင် ဖော်ပြထားသည်။
  • မကွေးတိုင်း၊ အောင်လံမြို့နယ်၊ အောင်လံ-ရွှေပန်းတော လမ်းပိုင်းရှိ အကြမ်းဖက် စစ်တပ် စစ်ဆေးရေး ဂိတ်က ဧပြီ ၂၅ ရက်၊ နံနက် ၁၀ နာရီခန့်က ခရီးသွား ပြည်သူ ၆၀ ခန့်ကို ဖမ်းဆီးပြီး ၁ ဦးကို ငွေကျပ် သိန်း ၅၀ ဖြင့် မိသားစုဝင်များကို ပြန်ရွေးခိုင်းကာ လာရောက် မရွေးနိုင်သူများကို စစ်မှုထမ်းရန် ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း ဒေသခံ ပြည်သူများ၏ ပြောဆိုချက်ကို ကိုးကားပြီး ရန်ကုန် ခေတ်သစ်သတင်း ဌာနတွင် ဖော်ပြထားသည်။
  • မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ဓမ္မသတ် ကျေးရွာကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးပြီးနောက် တော်လှန်ရေးတပ်ဖွဲ့များက ဝင်လာလျှင် လည်းကောင်း၊ လက်ခံလျှင်လည်းကောင်း  ပျက်စီးမှုများ ကြုံရမည်ဟု ပြည်သူများကို​ ပြသ ခြိမ်းခြောက်ရန် ညွှန်ကြားထားကြောင်း ဒေသခံပြည်သူများက ပြောသည်။ 
  • အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖြုတ်ချရန် ကြံစည်သည်ဆိုသော စွပ်စွဲချက်ဖြင့် ဖမ်းဆီး  ခံနေရသော လယ်/ဆည်ဝန်ကြီးဟောင်း မြင့်လှိုင်ထံမှ ရိုင်ဖယ်မောင်းပြန် သေနတ်၊ ပစ္စတို သေနတ်နှင့် ကျည်ဆန်အများအပြား သိမ်းဆည်းရရှိပြီး အဆိုပါ လက်နက်များ သိမ်းဆည်းရရှိမှုအတွက် စစ်တပ် အရာရှိတချို့၊ ဗိုလ်ချုပ်ဟောင်းတချို့ပါ စစ်ဆေးမေးမြန်းခံနေရကြောင်း နေပြည်တော် စစ်ဘက် သတင်း ရင်းမြစ်၏ ပြောဆိုချက်ကို ကိုးကားပြီး ရန်ကုန်ခေတ်သစ်သတင်းဌာနတွင် ဖော်ပြထားသည်။

ဧပြီ ၂၆ ရက် သုံးသပ်ချက်

  • အမြစ်တွယ်နေသည့် အွန်လိုင်းလိမ်လည်မှု ကျားဖြန့်ကို နှိမ်နင်းရန် စစ်ကောင်စီ ပြည်ထဲရေး ဝန်ကြီး တရုတ်သွားပြီး ဆွေးနွေးနေသော်လည်း ယင်းကျားဖြန့်ကိစ္စများတွင် စစ်ကောင်စီထိပ်ပိုင်းအရာရှိများ ကိုယ်တိုင် ပါဝင်နေသည်ကို တွေ့ရသည်။