နွေဦးတော်လှန်ရေး နေ့စဉ်မှတ်စု (၁၈ ဧပြီ ၂၀၂၄)

အမျိုးသားညီညွတ်ရေး အစိုးရ

  • စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ် ၊ ဝါးတောမ ကျေးရွာမှာ မုံရွာ ခရိုင် တပ်ရင်း (၁၉) နှင့် မြို့နယ် ပကဖ တို့မှ နယ်မြေရှင်းလင်းစဥ် စစ်ရှောင်တဦး အိမ်မှ ငွေသိန်း ၁၆၀ ကျပ်ကို တွေ့ရှိပြီး၊ ပိုင်ရှင်ထံပြန်အပ်နှံခဲ့ကြောင်း အရာတော် မြို့နယ် ပကဖ က ပြောသည်။
  • အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟို ကော်မတီနှင့် မန္တလေးတိုင်း၊ မကွေးတိုင်းတို့မှာရှိတဲ့ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံ ဆွေးနွေး ပွဲအစည်းအဝေး (၁၆/၂၀၂၄)ကို ဧပြီ ၁၇ ရက် နေ့လယ် ၁ နာရီမှာကျင်းပပြု လုပ်ခဲ့ကြသည်။

တော်လှန်ရေး လှုပ်ရှားမှုများ

  • စစ်ကောင်စီက မြန်မာနှစ်ကူးအထိမ်းအမှတ်အဖြစ် နိုင်ငံတဝန်းအကျဉ်းထောင်များမှ လွှတ်ပေး သည့် အကျဉ်းသူ၊ အကျဉ်းသားများတွင် နိုင်ငံရေးအကျဉ်းသား ၄ ရာခိုင်နှုန်းသာပါဝင်ကြောင်း မြန်မာနိုင်ငံ လုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) က ယနေ့(ဧပြီ ၁၈ ရက်)တွင် ထုတ်ပြန်သည်။
  • မွန်-တနင်္သာရီလမ်းပိုင်းရှိ စစ်ကောင်စီ၏ ခလရ (၂၉၉) တပ်ရင်းနှင့် မလွှဲတောင်ဂိတ်တို့ကို ဧပြီ လ ၁၂ ရက်နေ့က ဒေါနစစ်ကြောင်းနှင့် တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့များမှ သွားရောက် တိုက် ခိုက်ခဲ့ရာ အရာရှိအဆင့်တဦးအပါဝင် ငါးဦးသေဆုံးကာ ၃၀ ကျော်နီးပါး ထိခိုက်ဒဏ် ရာရ ရှိသွား ကြောင်း ဒေါနစစ်ကြောင်း၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
  • စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေကြေညာပြီးနောက် တော်လှန်ရေးတပ်ဖွဲ့များထံ ချိတ်ဆက် လာသည့်လူငယ်များပါဝင်သော အခြေခံစစ်ပညာသင်တန်းဆင်းပွဲကျင်းပခဲ့ကြောင်း ဗမာလွတ် မြောက်ရေးဒီမိုကရက်တစ်တပ်ဦး (BLDF) ထံမှ သိရသည်။
  • ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ်ထဲက အဖွဲ့အစည်းပိုင် ရုံးခန်းနှင့်ဆေးပေးခန်း မီးရှို့ခံရမှု ဖြစ်စဉ်အတွက် အလေးအနက် စိုးရိမ်ကြောင်း နယ်စည်းမခြား ဆရာဝန်များအသင်း (MSF)က ကြေညာချက် ထုတ်ပြန်ခဲ့သည်။
  • စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် အိုင်ရောင်းကျေးရွာမှ မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ ကူညီမှုများကို အလှူရှင်များကိုယ်စား ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် ဆက်စပ် အဖွဲ့အစည်းများက သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရှိရသည်။
  • ဆားလင်းကြီးမြို့နယ်ရှိ စစ်ရှောင်စခန်း၄ နေရာမှ စစ်ရှောင်ပြည်သူများကို အညာပစ်တိုင်း ထောင်လေး များအဖွဲ့က ၂၀၃နပ်မြောက်အဖြစ် ထမင်းနှင့် ဟင်းကို အလှူရှင်ကိုယ်စား လှူဒါန်းခဲ့ကြောင်း သိရသည်။
  • ဝက်လက်မြို့နယ်တွင် ဝက်လက်မြို့နယ် ကျောင်းသားများသမဂ္ဂ မှတ်တမ်းရေးရာတာဝန်ခံ ရဲဘော် အောင်ခေတ်မာန် ကျဆုံးခြင်း ၁နှစ်ပြည့်တွင် ရဲဘော်အောင်ခေတ်မာန် အုပ်ဂူဆီကို သွားရောက်ခဲ့ပြီး ကျန်ရစ်သူရဲဘော်ရဲဘက်များက ချီတက် ဦးညွတ်အလေးပြုခဲ့ကြောင်း သိရသည်။
  • မကွေးတိုင်း၊ ပေါက်မြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် ဒေသပြည်သူများ ဦးဆောင်ကာ စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ပြီး တော်လှန်ရေး ရဲဘော်များက လုံခြုံရေးယူပေးခဲ့ကြောင်း သိရသည်။
  • မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ သံကလောင်ကျေးရွာမှ ကျောင်းထိုင် ဆရာတော် ဦးဝါယမကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက ပစ်ခတ်သတ်ဖြတ်တဲ့အပေါ် အပြင်းအထန် ရှုတ်ချတယ်လို့ မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC က ထုတ်ပြန်ပါတယ်။

တိုင်းရင်းသား လက်နက်ကိုင်များ 

  • ချင်းပြည်နယ်၊ ဟာခါးမြို့မှ စစ်ကောင်စီတပ်သားသုံးဦး လက်နက်ခဲယမ်းများနှင့် အလင်းဝင် ရောက်လာသဖြင့် ဆုငွေချီးမြှင့်ခဲ့ကြောင်း CDF–Hakha ထံမှ သိရသည်။
  • ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ဘက်သို့တက်လာသည့် စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်း အား KNLA ပူးပေါင်းတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေသဖြင့် ရှေ့ဆက် မတိုးနိုင် ဘဲ ဒေါနတောင်ခြေတွင်ရပ်တန့်နေကြောင်း KNU ဗဟိုက ထုတ်ပြန်သည်။
  • စစ်ကောင်စီတပ်သားတစ်ဦး လက်နက်နှင့်အတူ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်း အရုံး(KNU) ထားဝယ်ခရိုင်အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောသည်။

စစ်ကောင်စီ

  • စစ်ကိုင်တိုင်း၊ ဒီပဲယင်းမြို့နယ် အင်းတန်းကျေးရွာအနီးတွင် လယ်ယာလုပ်ငန်းလုပ်ကိုင်နေသူ များကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
  • ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် (KBC) ဥက္ကဋ္ဌဟောင်း ဒေါက်တာခလမ်ဆမ်ဆွန်ကို စစ်ကောင်စီ က အကျဉ်းထောင်မှ ပြန်လွှတ်ပေးပြီး ၂၄ နာရီအပြည့်ခင်မှာ ပြန်လည်ဖမ်းဆီးခေါ် ဆောင်သွား ကြောင်း KBC သတင်းရင်းမြစ်များက မဇ္ဈိမကို အတည်ပြုသည်။
  • ရခိုင်ပြည်နယ်ထဲတွင် အာဏာသိမ်း စစ်တပ်က လက်နက် တပ်ဆင်ပေးထားသည့် မွတ်ဆလင် အစွန်းရောက် အကြမ်းဖက် အဖွဲ့အစည်း တချို့က ထောင်နှင့်ချီ များပြားသည့် ဒေသခံ ဟိန္ဒူများနှင့် ဗုဒ္ဓဘာသာဝင်များကို ဖမ်းဆီးထားကြောင်း အိန္ဒိယ မီဒီယာများ ဖော်ပြထားသည်။
  • အကြမ်းဖက်စစ်တပ်မှ စစ်သားနှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် ၄၆ ဦးသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် သို့ ထပ်မံ ထွက်ပြေးပြီး စစ်ပြေး စစ်ကောင်စီတပ်ဖွဲ့ဝင် စုစုပေါင်း ၂၆၀ ဦးကို ဘင်္ဂလားဒေ့ရှ်က ဖမ်းဆီး ထိန်းသိမ်းထားရကြောင်း ဘင်္ဂလားဒေ့ရှ်က သတင်းထုတ်ပြန်သည်။
  • ရခိုင်ပြည်နယ် စစ်တွေမြို့တွင် အကြိမ် ၆၀မြောက် မြို့လုံးကျွတ် ရခိုင်ရိုးရာသက်ကြီး ပူဇော်ပွဲ အခမ်းအနားကို ဧပြီလ ၁၇ရက် မနက်ပိုင်းက စစ်တွေမြို့၊ ခိုင်သဇင်ခန်းမ၌ ကျင်းပခဲ့ကြောင်း  ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကနေ သိရသည်။
  • မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်ရေး ရန်ကုန်-ကော့သောင်း-ရနောင်းကို ကမ်းရိုးတန်းဆိပ်ကမ်းကနေ ကွန်တိန်နာစနစ်ဖြင့် ကုန်သွယ်ဆောင်ရွက်ခွင့်ပြုကြောင်း စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကုန်သွယ်ရေး ဦးစီးဌာနက ထုတ်ပြန်သည်။

ဧပြီ ၁၈ သုံးသပ်ချက်

  • စစ်ကောင်စီကတော့ စစ်ပွဲများတွင် မနိုင်သည့်အတွက် လူမျိုးရေးဘာသာရေး မြောက်ထိုးပင် ကော်လုပ်၍ ဘာသာရေးလူမျိုးရေးပဋိပက္ခဖြစ်လာအောင် ရခိုင်ပြည်နယ်တွင် ပုံဖော်လာသည်ကို တွေ့ရသည်။