ဝီဂါ ၁ သန်းကျော်ကို တရုတ်အစိုးရက အတင်းအဓမ္မဖမ်းဆီးထား

ပုံစာ- ဝါရှင်တန်တွင် တရုတ်သမ္မတကို ဝီဂါများက ဆန္ဒပြနေစဉ်။

ပုံစာ- ဝါရှင်တန်တွင် တရုတ်သမ္မတကို ဝီဂါများက ဆန္ဒပြနေစဉ်။

ANI

၂၀၁၇ ခုနှစ်မှ ၂၀၂၃ ခုနှစ်အတွင်း တရုတ်အစိုးရသည် ဝီဂါတသန်းကျော်နှင့် မွတ်စလင်အများစုပါဝင် သည့် လူနည်းစုများကို အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း အမေရိကန်က ထုတ်ပြန်သော အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဧပြီလ ၂၃ရက်က ထုတ်ပြန်ခဲ့သည့် အမေရိကန်၏ “၂၀၂၃ခုနှစ် နိုင်ငံများ၏ လူ့အခွင့်အရေးလှုပ်ရှားမှုများ အစီရင်ခံစာ” တွင် ၂၀၂၃နှစ်အတွင်း တရုတ်နိုင်ငံ၊ ရှင်းကျန်းပြည်နယ်ရှိ အခြားလူမျိုးစုနှင့် ဘာသာရေး လူနည်းစု အုပ်စုဝင်များအပါအဝင် မွတ်စလင်အများစုဖြစ်သည့် ဝီဂါများအပေါ် လူမျိုးတုံးသတ်ဖြတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများကျူးလွန်ခဲ့ကြောင်း အလေးပေးဖော်ပြခဲ့သည်။

လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် မီဒီယာလွတ်လပ်ခွင့်အပေါ် ကြီးလေးသော ကန့်သတ်ချက်များ အပြင် သတင်းသမားများ၊ ရှေ့နေများ၊ စာရေးဆရာများ၊ ဘလော့ဂါများ၊ အတိုက်အခံများ၊ အသနားခံသူ များနှင့် အခြားအချက်များနှင့် ဝက်ဘ်ဆိုက်များကို ပိတ်ပင်ခြင်းအပါအဝင် အင်တာနက်လွတ်လပ်ခွင့် အပေါ် ပြင်းထန်သော ကန့်သတ်ချက်များပြုလုပ်ခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထို့ပြင် တရုတ်လူ့အခွင့်အရေးချိုးဖောက်မှုများတွင် နိုင်ငံသားများ၊ လူမျိုးရေးနှင့် တိုင်းရင်းသားလူနည်းစု အုပ်စုဝင်များကို ပစ်မှတ်ထားသည့် အကြမ်းဖက်မှုများပါ၀င်သည့် ရာဇ၀တ်မှုများလည်း ပါဝင်သည်။

သို့သော် ယင်းလူ့အခွင့်အရေးချိုးဖောက်မှုများအား ကျူးလွန်ခဲ့သည့် အရာရှိများအား ဖော်ထုတ်ရန် သို့မဟုတ် အပြစ်ပေးရန် အစိုးရက ယုံကြည်လောက်သော အရေးယူမှုများ မလုပ်ဆောင်ခဲ့ဟု အစီရင်ခံစာက အလေးပေးဖော်ပြခဲ့သည်။

တရုတ်အစိုးရ သို့မဟုတ် ယင်း၏ အေးဂျင့်များသည် ၂၀၂၃ ခုနှစ်အတွင်း တရားလက်လွတ် သတ်ဖြတ် ခြင်း အပါအဝင် တရားမဲ့ သို့မဟုတ် ဥပဒေမဲ့သတ်ဖြတ်မှုများကျူးလွန်ခဲ့ကြောင်း အစီရင်ခံစာများစွာက ဖော်ပြခဲ့သည်။

“ဖြစ်ရပ်များစွာတွင် အသေးစိတ်အချက်အနည်းငယ် သို့မဟုတ် မရှိခဲ့ပါ။ အစိုးရသည် ပွင့်လင်းမြင်သာမှု မရှိဘဲ ကွပ်မျက်မှုဆိုင်ရာ စာရင်းဇယားများမရှိပါ” ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

ရှင်ကျန်းအကျဉ်းစခန်းများတွင် ထိန်းသိမ်းခံထားရသူများ သေဆုံးမှုနှင့် ပတ်သက်သည့် အစီရင်ခံစာများ ထွက်ပေါ်လာခဲ့သည်။

ရှင်ကျန်း၊ မာရာဘီရှိကောင်တီရှိ တွမ်စူးအကျဉ်းထောင်မှ အနည်းဆုံးဝီဂါအကျဉ်းသား ၂၇ ဦး၏ ရုပ်အလောင်းများကို အစ်နေ့မတိုင်မီ မိသားစုများထံ ပေးပို့ခဲ့ကြောင်း RFA က ဖော်ပြခဲ့သည်။

ထို့ပြင် နည်းလမ်းမျိုးစုံဖြင့် အတင်းအဓမ္မ ပျောက်ဆုံးမှုများဖြစ်ပွားနေပြီး တနိုင်ငံလုံးအတိုင်းအတာဖြင့် ဆက်လက်ဖြစ်ပွားခဲ့သည်။

တရုတ်အာဏာပိုင်များက လူအများကို ကာလအတန်ကြာ အတင်းအကျပ်ဖမ်းဆီးခြင်းကို “သတ်မှတ် ထားသော တည်နေရာတွင် စောင့်ကြည့်ခံရခြင်း” (RSDL) ဟုခေါ် ကြောင်း အစီရင်ခံစာတွင် ဖော်ပြ ထားသည်။

“RSDL ဆိုသည်မှာ နိုင်ငံတော်လုံခြုံရေးအတွက် အန္တရာယ်ဟု မှတ်ယူထားသူ သို့မဟုတ် ဓားစာခံအဖြစ် အသုံးချရန် ရည်ရွယ်ထားသည့် ပုဂ္ဂိုလ်များအား နှစ်ရှည်လများ ဖမ်းဆီးဖယ်ရှားမည့်နည်းလမ်းကို ဥပဒေ တွင် ပြဋ္ဌာန်းထားသည်။

လူ့အခွင့်အရေးဆိုင်ရာ အစိုးရမဟုတ်သောအဖွဲ့အစည်းဖြစ်သည့် Safeguard Defenders က ၂၀၂၂ခုနှစ် ဧပြီလအစီရင်ခံစာတွင် ၂၀၁၅ ခုနှစ်မှ ၂၀၂၁ ခုနှစ်အတွင်း လူ ၅၅,၉၇၇ မှ ၁၁၃,၄၀၇ ခန့်သည် RSDL တွင် ထိန်းသိမ်းခံရပြီး နောက်ပိုင်းတွင် စစ်ဆေးခံခဲ့ရကြောင်း ဖော်ပြခဲ့သည်။