“ပ“ သုံးလုံး ယန္တရားတွေကို ဝန်ကြီးဌာနအနေနဲ့ သေချာထိန်းကျောင်းပေးဖို့ လိုအပ်နေ

MTO

တော်လှန်ရေးကာလအတွင်း အညာဒေသရဲ့ မြို့နယ်တွေ မှာ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရားတွေကို ဖြို ဖျက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ဩဇာအာဏာသက်ရောက်တဲ့ အုပ်ချုပ်ရေးယန္တ ရားလည်ပတ်နိုင်ဖို့အတွက် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နဲ့ ပြည်သူ့လူခြုံရေးအဖွဲ့ (ပလဖ) ဆိုတဲ့ “ပ” သုံးလုံး အုပ်ချုပ်ရေး ယန္တရားကို ဖော်ဆောင်လာခဲ့ကြတာဖြစ် ပါတယ်။

တော်လှန်ရေးကာလ ၃ နှစ်ကျော်ကြာလာတဲ့အချိန်မှာတော့ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရားတွေ ဟာမြို့ပေါ် နေရာတွေလောက်မှာသာလည်ပတ်နိုင်တော့ပြီး ကျန်နေရာတွေ မှာ တော့ “ ပ “ သုံးလုံး အုပ်ချုပ်ရေး ယန္တရားတွေ အစားထိုးဝင်ရောက်လာပါတယ်။

“ ပ “ သုံးလုံးယန္တရားတွေ နေရာယူကြီးထွားလာတာနဲ့အမျှ အဖွဲ့ တာဝန်ရှိသူတွေဟာ မလျော်ဩဇာသုံး တာ ၊ ပြည်သူတွေ ဝန်ဆောင်မှုပေးရမယ့်အစား နိုင့်ထက်စီးနင်းပြုမူဆောင်ရွက်လာတာတွေ ရှိလာ နေတာကြောင့် သေချာထိန်းကျောင်းကြပ်မတ်ပေးဖို့ လိုအပ်နေပြီး ဒေသခံတွေနဲ့ သပိတ်အဖွဲ့တွေက ထောက်ပြကြပါတယ်။

သတင်း — MTO
တည်းဖြတ် ၊ တင်ဆက် — MTO