မုံရွာတွင် တိုက်ပွဲအတွင်း လက်လုပ်သေနတ်မတော်တဆဖြစ်ပြီး ကာကွယ်ရေးရဲဘော် ကျဆုံး

ပုံအညွှန်း - လုံခြုံရေးယူနေသည့် စစ်ကောင်စီတပ်သားများ (ပုံဟောင်း)

ပုံအညွှန်း – လုံခြုံရေးယူနေသည့် စစ်ကောင်စီတပ်သားများ (ပုံဟောင်း)

ပါခွီး
မဇ္စျိမ။ ။စစ်ကိုင်းတိုင်း ၊ မုံရွာမြို့နယ်အတွင်း စစ်ကောင်စီတပ်ကိုတိုက်ခိုက်စဥ် လက်လုပ်သေနတ် မတော် တဆဖြစ်ပြီး ရဲဘော်တဦးကျဆုံးခဲ့ကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။
ချောင်းဦးမြို့နယ်၊ မြပုလဲဂိတ်မှထွက်လာသော အင်အား ၃၀ ခန့်ရှိ စစ်ကောင်စီတပ်သားများ မုံရွာမြို့နယ်၊ မုံရွေးတန်ပိုဂိတ်၌ ခေတ္တစခန်းချနေစဥ် ဇွန်လ ၁၀ ရက် နံနက် ၁၀ နာရီတွင် ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ရာ လက်လုပ်သေနတ်ချို့ယွင်းပြီး ကျည်ထိမှန်ကာ ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“သူ့သေနတ်က Error ဖြစ်ပြီး ကျည်ကရင်ဘတ်ကိုပြန်မှန်တာ။ ဆေးကုဖို့သွားတဲ့လမ်းမှာပဲ ကျဆုံးသွား တယ်” ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင်တဦးက မဇ္စျိမကို ပြောသည်။
စစ်ကောင်စီတပ်သားများကို မိုင်းဆွဲပြီး လက်နက်ငယ်များဖြင့်ပစ်ခတ်ရန်စီစဥ်ထားသော်လည်း မိုင်း မအောင်သဖြင့် သေနတ်ဖြင့်ပစ်ခတ်ချိန်တွင် ဒဏ်ရာရခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ ကျဆုံးသွားသည့် ရဲဘော်ကို နေ့ချင်း သင်္ဂြိုဟ်ခဲ့ကြောင်းလည်း သိရသည်။
အဆိုပါစစ်ကောင်စီစစ်ကြောင်းသည် မုံရွေးတန်ပိုဂိတ်မှ လက်နက်ကြီးများဖြင့် အနီးဝန်းကျင်သို့ပစ်ခတ်ခဲ့ ရာ မုံရွေးကျေးရွာမှ အရပ်သားနှစ်ဦး၊ ကြေးမုံကျေးရွာမှတဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယနေ့ (ဇွန်လ ၁၀ ရက်) နံနက် ၅ နာရီခန့်က မုံရွာမြို့အဝင်ရှိ မအူဂိတ်မှ အင်အား ၅၀ ခန့်ရှိ စစ်ကောင်စီ တပ်ဖွဲ့သည် စစ်ကြောင်းထိုး၍ ထနောင်းတောမြောက်ရွာမှ နေအိမ်နှစ်လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း မုံရွာ-အမြင့်သတင်းပြန်ကြားရေးထံက သိရသည်။
အဆိုပါစစ်ကြောင်းသည် နေအိမ်မီးရှို့ဖျက်ဆီးပြီးနောက် နံနက် ၈ နာရီအချိန်တွင်မအူဂိတ်မှတဆင့် မုံရွာ မြို့အတွင်းသို့ ပြန်လည်ဝင်ရောက်သွားကြောင်း သိရသည်။
လက်ပံတောင်းကြေးနီစီမံကိန်းမှ ကြေးပြားများကို မုံရွာမြို့မှတဆင့် စစ်ကိုင်းမြို့သို့သယ်ယူလျက်ရှိရာ ချောင်းဦးနှင့် မုံရွာရှိ စစ်ကောင်စီတပ်ဖွဲ့များက စစ်ကြောင်းထိုး၍ နယ်မြေရှင်းလင်းရေးပြုလုပ်လျက်ရှိ ကြောင်း ဒေသကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။

စာတည်း။ ။စောဖေ