တိုက်ပွဲကြားမှ ထွက်ခွာခွင့်ပြုရန် မိုးကုတ်ဒေသခံများ လိုလား

တိုက်ပွဲများအတွင်း မိုးကုတ်မြို့ လူနေရပ်ကွက်များ၌ မီးလောင်ကျွမ်းနေမှုမြင်ကွင်း။ ရွှေနွယ် (မဇ္ဈိမ)။ ။မန္တလေးတိုင်း၊ မိုးကုတ်မြို့တွင် ဇွန်လ ၂၅ ရက်နေ့ကစတင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြား လူအများ အပြားပိတ်မိနေပြီး စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုဒဏ်ကို ခံနေရ သောကြောင့် အရပ်သားများအား…

မိုးကုတ် ထိုးစစ်ကို ကွပ်ကဲနေသည့် TNLA ဒု-စစ်ဦးစီးချုပ်

ပုံအညွှန်း = ရှေ့တန်းတွင် မြင်တွေ့ရသည့် TNLA ဒု-စစ်ဦးစီးချုပ် (Photo-Mai A Hein) 009 (မဇ္ဈိမ) ။ ။ မန္တလေးတိုင်း၊ မိုးကုတ်မြို့ကို ထိန်းချုပ်သိမ်းပိုက်နိုင်ရေး စစ်ကောင်စီတပ်စခန်းများကို အရှိန်မြင့်ထိုးစစ်ဆင်နေသည့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)…

မိုးကုတ်တိုက်ပွဲ ၃ရက်ဆက်ပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းမှတိုက်ခိုက်

ရုပ်သံအညွှန်း − ကျပ်ပြင်ရဲခစန်းမီးလောင်နေသည်ကို မြင်တွေ့ရစဉ်။ ရွှေနွယ် (မဇ္ဈိမ)။ ။တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)နှင့် ပူးပေါင်းတပ်များ စခန်းသိမ်းတိုက်ပွဲဖော်ဆောင်နေသည့် မိုးကုတ်မြို့အနောက်ပိုင်းမှ ကျပ်ပြင်ရဲစခန်း မီးလောင်နေပြီး စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားထိခိုက်မှုများရှိနေကြောင်း ယနေ့ (ဇွန်လ ၂၇ ရက်) မွန်းလွဲ…

မိုးကုတ်မြို့ ကျပ်ပြင်ရဲစခန်းကို တော်လှန်ရေးတပ်များ ဝိုင်းရံပိတ်ဆို့

ရွှေနွယ် (မဇ္ဈိမ)။ ။ မန္တလေးတိုင်း၊ မိုးကုတ်မြို့ အနောက်ပိုင်းရှိ ကျပ်ပြင်ရဲစခန်းကို ယနေ့ (ဇွန်လ ၂၇ ရက်) နံနက်ပိုင်းမှစတင်ကာ တအာင်းအမျိုးသားတပ်မတော်(TNLA)နှင့် မဟာမိတ်တပ်တို့မှ ပိတ်ဆို့ဝိုင်းရံထားရာ စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်နေကြောင်း သိရသည်။ ယနေ့…

မိုးကုတ်တွင် ၄ လောင်းပြိုင်လူသတ်မှုဖြစ်

ဓာတ်ပုံ – Ruby Land Lover ရွှေနွယ် (မဇ္ဈိမ)။ ။မန္တလေးတိုင်း၊ မိုးကုတ်မြို့၊ရွှေကူရပ်ကွက်တွင် ယမန်နေ့ (မေလ ၂၆ ရက်) နံနက် အစောပိုင်းက လေးလောင်းပြိုင်လူသတ်မှုဖြစ်ပွားခဲ့ကြောင်း မြို့ခံများကပြောသည်။ ရွှေကူရပ်ကွက်မှ ပန်းရံဆရာဦးကံချွန်ဆိုသူအပါအဝင် မိသားစုဝင်လေးဦးသည်…

မိုးကုတ်တွင် TNLA ရှိရာသို့ စစ်ကောင်စီတပ် ထိုးစစ်ဆင်တိုက်ခိုက်

ပုံအညွှန်း − တိုက်ပွဲဖြစ်ပွားရာနေရာပြမြေပုံ၊ ဓာတ်ပုံ − PSLF/TNLA ရွှေနွယ်မဇ္ဈိမ။ ။ရှမ်းပြည်နယ်မြောက်ပိုင်း မိုးကုတ်မြို့နယ်တွင် တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ရှိရာသို့ စစ်ကောင်စီတပ်က ထိုးစစ်ဆင်တိုက်ခိုက်လာသည့်အတွက် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု PSLF/TNLA က ယနေ့ ဇန်နဝါရီလ ၂၂…

မိုးကုတ်ဗျူဟာကုန်းမှ အတွဲလိုက်ဒုံးကျည်များဖြင့် ပစ်ခတ်နေ၍ မြို့နေလူထု စိုးရိမ်ထိတ်လန့်

အောက်တိုဘာလ ၂၁ ရက်နေ့က ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် မိုးကုတ်မြို့နယ် အထက်ညောင်ကုန်းကျေးရွာမှ နေအိမ်များ မီးလောင် ပျက်စီးမှု(Photo TNLA) 007 (မဇ္ဈိမ) ။ ။ မန္တလေးတိုင်း၊ မိုးကုတ်မြို့ရှိ စစ်ကောင်စီ၏ ဗျူဟာကုန်းမှ အတွဲလိုက်ဒုံးကျည်များဖြင့် ရမ်းသန်းပစ်ခတ်နေ၍…

နေရပ်မပြန်နိုင်သေးသည့် မိုးကုတ်စစ်ဘေးရှောင်များ

007 (မဇ္စျိမ)။ ။ မန္တလေးတိုင်း၊ မိုးကုတ်မြို့ရှိ ဗျူဟာကုန်းမှ စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများရှိနေသည့်အတွက် စစ်ဘေးရှောင်များ နေရပ်မပြန်နိုင်သေးကြောင်း ဒေသခံသတင်းအရင်းအမြစ်များထံက သိရသည်။ “တိုက်ပွဲမဖြစ်ဘဲနဲ့လည်း အဲဒီဘက်(ကုန်းစံ ၊ညောင်ကုန်း ၊ ဖြူရောင် စသည့်ကျေးရွာ၀န်းကျင်)ကိုလက်နက်ကြီးတွေနဲ့ လှမ်းလှမ်းပစ်နေတယ်။…