Tag: ရခိုင်ပြည်နယ်
ဘူးသီးတောင်အခြေစိုက် စကခ(၁၅) ဌာနချုပ်အပါအဝင် ခြေမြန်တပ်ရင်း ၂ ခုကို AA သိမ်းပိုက်
ပုံအညွှန်း-အာရက္ခတပ်တော်(AA) ဓါတု (မဇ္ဈိမ)။ ။ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၁၅) အပါအဝင် ခမရ(၅၅၁)နှင့် ခမရ(၅၆၅)တို့ကို အာရက္ခတပ်တော်(AA)မှသိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။ စစ်ကောင်စီဘက်မှ ကြည်း၊ ရေ၊ လေတပ်ပေါင်းစုံဖြင့် တန်ပြန်ခုခံနေသည့်ကြားမှ ယမန်နေ့(မေလ ၃ ရက်)နေ့က တပြိုင်တည်းသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း…
AA အမ်းမြို့ရှိ ကားလမ်းပိတ်ဆို့ပြီးနောက် စစ်ကောင်စီ ဗိုလ်မှူးအပါ ဌာနဆိုင်ရာအကြီးအကဲအချို့ထွက်ပြေး
စစ်ကောင်စီ၏ ပဲပဒုံ စစ်ဆေးရေးဂိတ်(ဓာတ်ပုံ-CJ) ဓါတု (မဇ္ဈိမ)။ ။ ရက္ခိုင့်တပ်တော်(AA)မှ အမ်း-ပဒါန်း ကားလမ်းပိတ်ဆို့ပြီးနောက် စစ်ကောင်စီတပ် ဗိုလ်မှူး အပါအဝင် ဌာနဆိုင်ရာအကြီးအကဲအချို့အမ်းမြို့မှ ထွက်ပြေးသွားကြောင်း တပ်တွင်းနီးစပ်သူများထံကသိရသည်။ ဗိုလ်မှူးထင်လင်းမော်၊ တပ်ဆေးရုံမှ စစ်ဆေးဆရာဝန် နှစ်ဦး၊ အရာခံဗိုလ်တဦး၊ …
စစ်ကောင်စီထောက်ပို့တပ်အနီး AA ထိုးစစ်ဆင်တိုက်ခိုက်ရာ တပ်မိသားစုဝင်များထွက်ပြေး
ဓါတု (မဇ္ဈိမ)။ ။ ရခိုင်ပြည်နယ်၊ အမ်း-တပ်တောင်ကားလမ်းအထွက် စစ်ကောင်စီထောက်ပို့တပ်အနီး ရက္ခိုင့်တပ်တော်(AA)မှထိုးစစ်ဆင်တိုက်ခိုက်ရာ တပ်မိသားစုဝင်များကားဖြင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ထဲသို့ထွက်ပြေးတိမ်းရှောင်နေကြောင်းသိရသည်။ ယနေ့ မတ်လ ၂၇ ရက် နံနက်ပိုင်းတွင် အမ်းတပ်နယ်ခန်းမအတွင်း တပ်မတော်နေ့ အခမ်းအနားကျင်းပနေချိန် နပခ နှင့် ငါးဖာလုံခန့်သာအကွာအဝေးရှိသည့်…
အမ်းမြို့ရှိ အကျဥ်းသား၊အချုပ်သား ၅၀ နီးပါးကို အင်းစိန်ထောင်သို့ပြောင်းရွှေ့
အမ်းမြို့မရဲစခန်း ဓါတု (မဇ္ဈိမ)။ ။ရခိုင်ပြည်နယ်၊ အမ်းမြို့ရှိ အကျဥ်းသား၊အချုပ်သား ၅၀ နီးပါးကို မတ်လ ၂၄ရက်နေ့တွင်ရန်ကုန်တိုင်း အင်းစိန်ဗဟို အကျဥ်းထောင်သို့ ပြောင်းရွှေ့ပို့ဆောင်ခဲ့ကြောင်း သိရသည်။ “အခုမှရုံးတက်ခါစ အမှုရင်ဆိုင်နေတဲ့ အချုပ်တရားခံ အကုန်ပါတယ်။အမှုစုံပေါ့။နောက်ပြီး အမိန့်ကျတဲ့သူတွေကို တပ်ကလာခေါ်တာ…
နပခ တိုင်းမှူးအသစ် ဗိုလ်မှူးချုပ်ကျော်စွာဦးဖြစ်ကြောင်း စစ်ကောင်စီဖော်ပြ
အနောက်ပိုင်းတိုင်းစစ်တိုင်းမှူးအသစ် ဗိုလ်မှူးချုပ်ကျော်စွာဦး ဓါတု (မဇ္ဈိမ)။ ။ရခိုင်ပြည်နယ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးအသစ်မှာ ဗိုလ်မှူးချုပ်ကျော်စွာဦးဖြစ်ကြောင်း စစ်ကောင်စီဝါဒဖြန့်သတင်းစာတွင်ဖော်ပြထားသည်။ နပခ တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနေရာတွင် ဗိုလ်မှူးချုပ်ကျော်စွာဦးကိုတိုင်းမှူးအသစ်အဖြစ် အစားထိုးခန့်အပ်လိုက်ခြင်း ဖြစ်သည်။ ယင်းတိုင်းမှူးအသစ်သည် ယခင်ကတနင်္သာရီတိုင်းရှိ ကမ်းရိုးတန်းစစ်တိုင်းမှူး ဗိုလ်မှူးချုပ်…