နွေဦးတော်လှန်ရေး နေ့စဉ်မှတ်စု (၂၅ ဧပြီ ၂၀၂၄)

အမျိုးသားညီညွတ်ရေး အစိုးရ

ဩစတြေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့တွင် ဧပြီ ၂၂ ရက်မှ ဧပြီ ၂၄ ရက်အထိ ကျင်းပပြုလုပ်ခဲ့သည့် ကမ္ဘာ့ ကျန်းမာရေး ထိပ်သီးအစည်း အဝေးသို့ အမျိုးသားညီညွတ်ရေးအစိုးရ- NUG ကျန်းမာရေးနှင့် ပညာရေး ဝန်ကြီး ပါမောက္ခ ဒေါက်တာ ဇော်ဝေစိုး တက်ရောက်ခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ် (တောင်ပိုင်း) တွင်ရှိသည့် စစ်ဘေးရှောင်ပြည်သူများ နှင့် ထိခိုက်ဒဏ်ရာရရှိသည့် ပြည်သူများ အတွက် အရေးပေါ် လူသားစာနာ အထောက်အပံ့များ ပေးအပ်ခဲ့သည်ဟု အမျိုးသား ညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနက ယမန်နေ့က အသိပေးထုတ်ပြန်လိုက်သည်။

ကရင်နီ (ကယား) ပြည်နယ် ၊ ဒီမော့ဆိုမြို့နယ် ဒေသ ကာကွယ် ရေးတပ်ဖြစ်သည့် DMO PDF ၏ “အောင်မြေ ပရောဂျက်မှ ရရှိငွေနဲ့ တပ်သားအသစ်များကို လက်နက်တပ်ဆင်ပေးခဲ့သည်ဟု Deemawso Local PDF တပ်ရင်း (၁) က ယနေ့ သတင်းထုတ်ပြန်သည်။

ရန်ကုန်မြို့၊ မြောက်ဥက္ကလာပ မြို့နယ်၊ ရွှေပေါက္ကံမြို့သစ်နယ်မြေရဲစခန်းကို ဧပြီ ၂၄ ရက်၊ ညနေပိုင်းက ချိန်ကိုက်မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ရဲ နှစ်ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း မြောက်ဥက္ကလာ မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောသည်။

တော်လှန်ရေး လှုပ်ရှားမှုများ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် အောင်လံလွှင်မည် ရွှေရေကြည် သပိတ်စစ်ကြောင်း ဦး ဆောင်ကာ စစ်အာဏာရှင်၏ မတရားသည့် စစ်မှုထမ်းဥပဒေကို ဆန့်ကျင်ကြောင်း ယနေ့ ဧပြီ ၂၅ ရက်တွင် ဆန္ဒပြခဲ့ကြောင်း သိရသည်။

စစ်ကိုင်းမြို့နယ်၊ မင်းကွန်းတိုက်နယ် မြောက်ပိုင်းရှိ အင်းဒိုင် (အိုင်းနိုင်) ကျေးရွာအတွင်းသို့ ဧပြီ ၂၅ ရက်၊ နံနက် ၅ နာရီခန့်က တံတားဦးလေတပ်မှ တိုက်လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံးနှစ်လုံးကြဲချ တိုက်ခိုက်ခဲ့ရာ PDF ရဲဘော်တစ်ဦး ကျဆုံးခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ခင်မွန်ရွာသား ၁ ဦးကို ဧပြီ ၂၄ ရက်၊ မွန်းလွဲပိုင်းက စစ်တပ်က ဖမ်းဆီး ပြီး နေအိမ် ၁၀ လုံး မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံ ပြည်သူများက ပြောသည်။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်ရှိ အကြမ်းဖက် စစ်ကောင်၏ အနောက် မြောက်တိုင်း စစ်ဌာနချုပ် (နမခ) အတွင်းသို့ ဧပြီ ၂၄ ရက်၊ ည ၇ နာရီခန့်က ရှော့တိုက်ဒုံး၊ ဒရုန်းများဖြင့် ဗုံးကျဲပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သားအများအပြားသေဆုံးနိုင်ကြောင်း စစ်ကိုင်းအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လူထုအ‌ကျိုး‌ပြု မြောင်လူငယ်ကွန်ရက် (YfC) ၏ Education program မှ ‌မြေပြင်ကြား ကာလ ပညာ‌ရေး တွင် ပါဝင်သင်ကြားပေးနေသော စေတနာ့ဝန်ထမ်း ဆရာ/ဆရာမ ၈၉ ဦးကို “ပညာရေးဆိုင်ရာ အခြေခံ သဘောတရားနှင့် ကျွမ်းကျင်မှု စွမ်းရည်မြှင့် သင်တန်း” ပို့ချပေးခဲ့ကြောင်း သိရှိရသည်။

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ဝက်လူးနယ်မြေ ရဲစခန်းမှ အိမ်စီးကားဖြင့် ထွက်လာသော စစ်သား၊ ရဲများ ကို ဧပြီ ၂၄ ရက်၊ နံနက်ပိုင်းက တိုက်ခိုက်ခဲ့ရာ ဒဏ်ရာများဖြင့် ထွက်ပြေးသွားသဖြင့် ကျန်ရစ်ခဲ့ သော ကား ၂ စီးကို မီးရှို့ရှင်းလင်းခဲ့ကြောင်း မြင်းခြံခရိုင် အမှတ် ၄ တပ်ရင်း နွားထိုးကြီး PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်တွင် နေရာတစ်နေရာတွင် ယောဒေသ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (YPDF) က စစ်ဘေးရှောင် ပြည်သူများကို တွေဆုံအားပေးစကားပြောခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မကွေးတိုင်း၊ ရေနံချောင်းမြို့၊ ပင်းဘုရားလမ်းဆုံတွင် ဧပြီ ၂၅ ရက်၊ နံနက်ပိုင်းက စစ်တပ်က တပ်သား စုဆောင်းသည့်အနေဖြင့် လူငယ် ၁၀ ဦးကို ပေါ်တာဆွဲ အဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံ ပြည်သူများ၏ ပြောဆိုချက်ကို ကိုးကားပြီး ရန်ကုန်ခေတ်သစ် သတင်းဌာနတွင် ဖော်ပြထားသည်။

ပဲခူးတိုင်း၊ ပြည်မြို့နယ် နှင့် ရန်ကုန်တိုင်း၊ ကွမ်းခြံကုန်းမြို့နယ်တို့တွင် ဧပြီ ၂၂ ရက်က စစ်မှုထမ်း ဥပဒေဖြင့် တပ်သားသစ် စုဆောင်းနေသော ကျေးရွာအုပ်ချုပ်ရေးမှူး နှင့် ရာအိမ်မှူးတို့ ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ကော့သပ်ရွာတွင် တပ်စွဲထားသော စစ်သားများက ဧပြီ ၂၄ ရက်က ကျေးရွာထဲ ပြန်လည် ဝင်ရောက်လာသည့် လူငယ် ၁ ဦးကို ပစ်သတ်ပြီး ရွာထဲရှိ ပစ္စည်းများကို စိတ်ကြိုက် ယူဆောင်နေကြောင်း ဒေသခံ ပြည်သူများက ပြောသည်။

ကရင်နီ (ကယား) ပြည်နယ်တွင် စစ်ရှောင်စခန်းမှ စစ်ရှောင်မိသားစုများအတွက် အာဟာရတစ်နပ်စာ အတွက် အလှူရှင် ကိုယ်စား Karenni Humanitarian Team –KHT အဖွဲ့က သွားရောက် လှူဒါန်းပေး ခဲ့ ကြောင်း သိရသည်။

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံမြို့နယ်တွင် စစ်ရှောင်ပြည်သူများ အိမ်ထောင်စု ၈၉ စု စာအတွက် အာလူး နှင့် ကုန်ခြောက်များကို အလှူရှင် ကိုယ်စား ကရင်နီပြည် စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေး ကွန်ရက်က လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ရှိသည့် မြစ်ကြီးနားအကျဉ်း ထောင်တွင် အကျဉ်းသားများ ဆန္ဒပြခြင်းကို စစ်ကောင်စီ၏ ပစ်ခတ် နှိမ်နင်းမှုကြောင့် နောက်ဆက်တွဲ‌အနေဖြင့်အမျိုးသားတစ်ဦး ထပ်မံသေဆုံးခဲ့ပြီး စုစုပေါင်း သေဆုံးသူ ၅ ဦးအထိရှိလာပြီ ဖြစ်သည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ၏ အချက်အလက်အရ သိရသည်။

မြဝတီမြို့တွင် တိုက်ပွဲများ ပြင်းထန်ခဲ့ပြီးနောက် ထိုင်း-မြန်မာ နယ်စပ်က အခြေအနေများကို အနီးကပ် စောင့်ကြည့်ရန် ထိုင်းအစိုးရသည် ဧပြီ ၂၃ ရက်က အထူးကော်မတီတစ်ရပ်ကိုဖွဲ့စည်းလိုက်ကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေသည့် ပဋိပက္ခများကို ဖြေရှင်းရန် အာဆီယံအဖွဲ့အတွင်းက အရေးပါသည့် နိုင်ငံများ နှင့် တွေ့ဆုံဆွေးနွေးကြရန် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ လာအိုနိုင်ငံကို ထိုင်းအစိုးရက အဆိုပြု ထားသည်ဟု ထိုင်းနိုင်ငံခြားရေးဌာနက ဧပြီ ၂၄ ရက်တွင် ထုတ်ပြန်လိုက်သည်။

တိုင်းရင်းသား လက်နက်ကိုင်များ

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်က ရိုဟင်ဂျာ ငါးဦး ဖမ်းဆီးသတ်ဖြတ်ခံရမှုသည် AA နှင့် “လုံးဝ ပတ်သက်မှု မရှိ” ဟု အာရက္ခတပ်တော် (AA) ပြောခွင့်ရသူ ခိုင်သုခက ဧပြီလ ၂၄ ရက်တွင် ပြောသည်။

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA/AA)အစိုးရအဖွဲ့အနေဖြင့် အာရက္ခဒေသတွင်း မည်သည့် လူမျိုး၊ ဘာသာ ဝင် နောက်ခံရှိသည်ဖြစ်စေ ခွဲခြားဆက်ဆံခြင်း မပြုလုပ်ဘဲ ကာကွယ်စောင့်ရှောက် သွားမည် ဖြစ်ကြောင်း AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက UN လူ့အခွင့်အရေးကော်မရှင်နာ၏ ပြောကြားချက်အား တုန့်ပြန် စဉ် သတင်းစကားပါးခြင်းဖြစ်သည်။

ချင်းပြည်နယ်တွင် စစ်အာဏာရှင်ကို လက်နက်ကိုင်ခုခံတော်လှန်ခဲ့သည့် သုံးနှစ်တာ ကာလအတွင်း စစ်ကောင်စီတပ် နှင့် တိုက်ပွဲပေါင်း ၂၅၂ ကြိမ်ဖြစ်ပွားခဲ့သလို မြို့နယ်၏ ၈၀ ရာခိုင်နှုန်းကို ထိန်းချုပ် ထားနိုင်ပြီဟု CDF-Mindat ထုတ်ပြန်သည်။

ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်) CDF-Mindat ၏ တော်လှန် ရေး (၃) နှစ်ပြည့် အထိမ်းအမှတ် အခမ်း အနားကို ယမန်နေ့က ပြုလုပ်ခဲ့ကြောင်း သိရသည်။

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ထိုင်း- မြန်မာနယ်စပ် အနီးရှိ မောထာ့ စစ်ကောင်စီစခန်းကို ကရင် အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့က ဧပြီ ၂၃ ရက်က တိုက်ခိုက်ရာ စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် ထိုင်းနိုင်ငံ ဘက်ခြမ်းသို့ ထွက်ပြေးသွားကြောင်း KNU သတင်း ရင်းမြစ် ထံမှ သိရသည်။

မွန်ပြည်နယ်၊ သထုံမြို့နယ် နှင့် ကရင်ပြည်နယ် ဘားအံမြို့နယ်ရှိ ကျေးရွာများကို ဧပြီ ၂၂ ရက်က စစ်တပ် က လက်နက်ကြီး၊ လေကြောင်းတို့ဖြင့် တိုက်ခိုက်မှု ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၃ ဦးဒဏ်ရာ ရပြီး ဘုန်းကြီးနှင့် နေအိမ်များ ပျက်စီးခဲ့ကြောင်း KNU ကရင်အမျိုးသားအစည်းအရုံး ဒူးသထူခရိုင်က ထုတ်ပြန်ထားသည်။

ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူ (ညောင်လေးပင်) ခရိုင်၊ လယ်ဒို (ကျောက်ကြီး)မြို့နယ်အတွင်းမှာ အကြမ်းဖက် စစ်ကောင်စီ၏ လေကြောင်း အပြင် လက်နက်ကြီးနှင့်ပါ ပစ်ခတ်မှုကြောင့် အပြစ်မဲ့ပြည်သူ နှစ်ဦး သေဆုံးခဲ့ရသည်ဟု KNU (ဗဟို) က ထုတ်ပြန်လိုက်သည်။

မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး- NMSP-AD) နှင့် မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) တို့ နိုင်ငံရေး၊ စစ်ရေး၊ လူမူကယ်ဆယ်ရေး အပါအဝင် အခြားကဏ္ဍအသီးသီးတို့တွင် ပူးပေါင်းဆောင်ရွက် သွားမည် ဖြစ်ကြောင်း MSFC အဖွဲ့မှ နိုင်မွန်စိုင်းက ပြောသည်။
ရှမ်းတိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တစ်ခုဖြစ်သည့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) နှင့်အတူ လက်တွဲတိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO/PNLA) နှင့် တအာင်းတပ်မတော် (PSLF/TNLA) တို့က သဝဏ်လွှာပေးပို့ အသိပေးသည်။

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကိုးကန့်ဒေသ လောက်ကိုင်မြို့တွင် ၂၀၂၄ခုနှစ် ဧပြီ ၂၄ ရက်က MNDAA တပ်ဖွဲဝင်များ ပါဝင်သည့် (၁၀) ဦးကို သေဒဏ်နှင့် ထောင်ဒဏ်များ ချမှတ်လိုက်ကြောင်း MNDAA က ထုတ်ပြန်ထားသည်။

စစ်ကောင်စီ

စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်သည် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာမည့် မြန်မာနိုင်ငံ ဆိုင်ရာ ကမ္ဘောဒီးယားနိုင်ငံသံအမတ်ကြီး H.E. Mr. CHUM Angvichet အား ဧပြီ ၂၄ ရက်က နေပြည် တော်တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။

စစ်ကောင်စီ ဒုတိယဝန်ကြီးချုပ် နှင့် နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ နှင့် မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယား သံအမတ်ကြီး မစ္စတာ ကျုံမ်အန်းဗွီကြတ်တို့ ဧပြီ ၂၄ ရက်က တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ အကြားကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍ၊ ယဉ်ကျေးမှုကဏ္ဍ၊ ခရီးသွားကဏ္ဍတို့ကို ဆွေးနွေး ခဲ့ကြောင်း စစ်ကောင်စီ နိုင်ငံခြား ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းက နေအိမ်ခြံအမှတ် ၅၄ လေလံတင်ကိစ္စ တင်ပြရန် တရားနိုင် ဦးအောင်ဆန်းဦးဘက်က ရောက်မလာသည့်အတွက် မေလ ၁၅ ရက်ကို ရုံးချိန်း ပေးထားသည်ဟု စစ်ကောင်စီ ကမာရွတ်ခရိုင် တရားရုံး၊ သတင်း ပြန်ကြားရေးအရာရှိ ဒုတိယခရိုင်တရားသူကြီး (၁) ဦးဇော်မင်း အောင်၏ ပြောဆိုချက် ကို ကိုးကားပြီး One News သတင်းဌာနတွင် ဖော်ပြထားသည်။

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီက ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသစ် ၅ ခုကို ခွင့်ပြု ပေးခဲ့သည်ဟု ဧပြီ ၂၄ ရက်က ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေးအရ သိရသည်။

ပြည်ပစျေးကွက်က တောင်းဆိုထားသည့် ဆန်စပါးအမျိုးအစားပေါ်မူတည်ပြီး Export ဇုန်များကို တိုင်းဒေသကြီး ၃ ခုတွင် စတင်အကောင်အထည်ဖော်သွားမည်ဟု စစ်ကောင်စီ လက်အောက်ခံ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနက သိရသည်။

ယခု ၂၀၂၄ ခုနှစ်အတွင်း မြန်မာနိုင်ငံက ထွက်ရှိသည့် မက္ကဒေးမီးယား ကုန်ချောများကို ရုရှားနိုင်ငံက ဝယ်ယူရန် ကမ်းလှမ်းထားသည်ဟု စစ်ကောင်စီ လက်အောက်ခံ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည် မြောင်းဝန်ကြီးဌာနက တာဝန်ရှိသူတစ်ဦးက ပြောသည်။

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တန်ခိုးကြီးစေတီဘုရား (၁၇) ဆူတွင် ဘုရားသမိုင်းနှင့် ဘုရားဖူး လမ်းညွှန် (Pagoda Digital Directory) များတပ်ဆင်ပေးခြင်းကို အကောင်အထည် ဖော်ဆောင် ရွက်နေကြောင်း စစ်ကောင်စီ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ သတင်းထုတ်ပြန်ချက်များအရ သိရ သည်။

၂၀၂၃ ခုနှစ် နှင့် ယင်းမတိုင်မီနှစ်များအတွက် တက္ကသိုလ်ဝင်စာမေးပွဲ၊ အခြေခံပညာအထက်တန်းစာမေးပွဲ အောင်လက်မှတ်နှင့် အမှတ်စာရင်းများကို ထုတ်ယူနိုင်ပြီဖြစ်ကြောင်း စစ်ကောင်စီ လက်အောက်ခံ မြန်မာ နိုင်ငံ စာစစ်ဦးစီးဌာနက ထုတ်ပြန်ကြေညာထားသည်။

ရန်ကုန် နိုင်ငံခြားဘာသာတက္ကသိုလ် (YUFL)တွင် ကိုရီးယားအလုပ် အကိုင်ဘာသာစကား EPS-TOPIK သင်တန်းကို ပထမဆုံးအကြိမ် အဖြစ် စတင်ဖွင့်လှစ်သင်ကြားပေးသွားမည် ဖြစ်သည်ဟု အဆိုပါ တက္က သိုလ်ကနေ သိရသည်။

ဧပြီ ၂၅ ရက် သုံးသပ်ချက်

တပ်တွင်း စစ်သားပြုန်းတီးမှုများနေသည့်အတွက် စစ်တပ်သည် နေရာအနှံ့အပြားတွင် စစ်မှုထမ်း ကို အကြောင်းပြပြီး လူငယ်ရွာသားများကို ဖမ်းဆီး ခေါ်ဆောင်ကာ စစ်သားသစ် စုဆောင်းမှုများကို ကျယ်ကျယ်ပြန့်ပြန်လုပ်လာနိုင်သည်။