ကော့သောင်း သူဌေးကျွန်းပိုင်ရှင် ဦးကျော်လွင် ၏ညီ စစ်ကောင်စီ စစ်ကြောရေးတွင် သေဆုံး (ရုပ်သံ)

ကိုရွှေမြိတ်(မဇ္ဈိမ) ။ ။ထိုင်းနိုင်ငံရော မြန်မာနိုင်ငံဘက်မှာပါ ဖမ်း၀ရမ်း ထုတ်ထားတဲ့ ကော့သောင်း သူဌေးကျွန်းပိုင်ရှင် ဦးကျော်လွင်ရဲ့ ညီဖြစ်သူကို စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးနေစဉ် စစ်ကြောရေးမှာ သေဆုံးသွားတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။ ဦးကျော်လွင်ရဲ့ ညီဖြစ်သူ ဦးနောင်ပိန်ကို ပြီးခဲ့တဲ့…

ပြည်သူ့စစ်မှုထမ်းဥပဒေ အညာဒေသမှာ သက်ရောက်မှုအားနည်းနိုင်တယ်လို့ တော်လှန်ရေးအင်အားစု တွေပြော

MTO(မဇ္ဈိမ) ။ ။ တော်လှန်ရေးအင်အားစုတွေရဲ့ ထိုးစစ်တွေကြောင့် အဖက်ဖက်က အင်အားချည့်နဲ့လာတဲ့ စစ်ကောင်စီဟာ စစ်အင်အားဖြည့်တင်းနိုင်ဖို့ နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ (နအဖ) ခေတ် ၂၀၁၀ ခုနှစ်ကရေးဆွဲထားတဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့က စတင် အသက်သွင်းလိုက်ပါတယ်။…

စစ်ကြောင်းရန်ကြောက်လို့ ချင်းတွင်းမြစ်ကို ဖြတ်ကူးထွက်ပြေးကြရသူများ

ဂျူချန်း(မဇ္ဈိမ)။ ။ချင်းတွင်းမြစ်အရှေ့ဘက်ကမ်း ဘုတလင်မြို့နယ်က ကျေးရွာတွေကို စစ်ကောင်စီက ဒီနေ့မနက်အစောပိုင်းမှာ စစ်ကြောင်းထိုးဝင်ရောက်လာလို့ ကျေးရွာခြောက်ရွာကဒေသခံတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးခဲ့ကြရပါတယ်။ စစ်ဘေးရှောင်တွေဟာ ချင်းတွင်းမြစ်က်ို စက်လှေတွေနဲ့ဖြတ်ကူးထွက်ပြေးခဲ့ကြရပြီး စက်လှေတစီးဟာ စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုကြောင့် တိမ်းမှောက်ခဲ့ပါတယ်။ ရေထဲခုန်ဆင်းပြီး ၀ရုန်းသုန်းကား ကူးခတ်ထွက်ပြေးရသူတွေလည်း…

စစ်မှုထမ်းဟောင်းတွေနဲ့ စစ်တပ်အင်အားပြန်လည်ဖြည့်တင်းမလား

မိုးသောက် မဇ္ဈိမ။ ။ တပ်အင်အားပြုန်းတီးမှုတွေ နေ့စဉ်ဖြစ်နေတဲ့ စစ်ကောင်စီက စစ်မှုထမ်းဟောင်းတွေကို စစ်မှုပြန်ထမ်းစေတာတွေရှိလာနေတယ်လို့ သိရပါတယ်။ ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ ရက်စွဲနဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ပျံ့နှံ့နေတဲ့ စာတစောင်မှာတော့ အငြိမ်းစား ဗိုလ်ကြီးအောင်ချစ်မင်းကို အမှတ်…

မတ္တရာတွင် ပျူစောထီးခေါင်းဆောင်၏နေအိမ်ကို ဒရုန်းဖြင့် ဗုံးကြဲ

007 (မဇ္စျိမ)။ ။မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ရွှေချောင်းကျေးရွာမှ ပျူစောထီးခေါင်းဆောင်၏နေအိမ်ကို ဒရုန်း ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း မြနန္ဒာစစ်ဆင်ရေး(မန္တလေး)က ယနေ့နံနက်ပိုင်းတွင် ကြေညာချက်ထုတ် ပြန်ထားသည်။ “၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်နေ့ နံနက် ၁၁…

ပျူစောထီးမဟာဗျူဟာ | Friday Analysis (26-January-2024)

ပြည်သူ့လုံခြုံရေးစနစ်၊ ပြည်သူ့စစ်မဟာဗျူဟာဆိုတာ တကယ်တော့ ပျူစောထီးမဟာဗျူဟာပဲဖြစ်ပါတယ်။ ပြည်သူလူထုတရပ်လုံးပျူစောထီးတပ်ဖွဲ့ဝင်တွေဖြစ်အောင် အတင်းအဓမ္မသွတ်သွင်းနေတာပါ။ ပြည်သူကိုပြည်သူနဲ့တိုက်ခိုင်းနေတာပါ။ ကိုသိမ်းမြတ်တင်ပြထားပါတယ်။

ထားဝယ်ကျောက်ထုစခန်းကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ တိုက်ခိုက်သိမ်းယူ

ကိုရွှေမြိတ် (မဇ္ဈိမ) ။ ။တနင်္သာရီတိုင်း ထားဝယ်မြို့နယ်ထဲက စစ်ကောင်စီရဲ့ ကျောက်ထုစခန်းကို ဇန်နဝါရီလ ၂၄ ရက်နေ့မှာ ကာကွယ်ရေး ပူးပေါင်းအဖွဲ့က တိုက်ခိုက် သိမ်းယူခဲ့တယ်လို့ သိရပါတယ်။ တိုက်ပွဲအတွင်းမှာ ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦး သေဆုံးပြီး…

အာဏာသိမ်းကာလအတွင်း ဒီမိုကရေစီအရေး လှုပ်ရှားမှုကြောင့် အမျိုးသမီး ၇၀၀ ကျော် ပြစ်ဒဏ်ချမှတ်ခံထားရ

မိုးသောက် မဲဆောက်(မဇ္ဈိမ) ။ ။ စစ်အာဏာသိမ်းထားတဲ့ကာလအတွင်း ဖမ်းဆီးခံထားရတဲ့ အမျိုးသမီး နိုင်ငံရေးအကျဉ်းသား စုစုပေါင်း ၇၁၅ ဦး ရှိတယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ(BWU) က ပြီးခဲ့တဲ့ ဇန်နဝါရီလ၂၄ရက်နေ့မှာထုတ်ပြန်ပါတယ်။ နိုင်ငံရေးအကျဉ်းသားများ ကူညီရေး စောင့်ရှောက်ရေးအသင်း( AAPP)…

မြန်မာနယ်စပ် အိန္ဒိယခြံစည်းရိုးခတ်မယ့် အစီအစဉ်ကြောင့် ဒေသခံတွေ စိုးရိမ်နေ

အိန္ဒိယ-မြန်မာနယ်စပ်တလျှောက် ခြံစည်းရိုးခတ်ဖို့ ဆုံးဖြတ်လိုက်တဲ့ အိန္ဒိယအဗဟို အစိုးရရဲ့ သဘောထားကို ကြေညာပြီးနောက် အိန္ဒိယ-မြန်မာနယ်စပ်တစ်လျှောက် နယ်စပ်နားနေထိုင်သူတွေ ပြည်ဝင်ခွင့်ဗီဇာ မလိုဘဲ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ဖြတ်သန်းသွားလာခွင့် ပေးထားတဲ့စနစ်ကိုပါ ပိတ်ပင်ဖို့ စီစဉ်နေတာကြောင့် နယ်စပ်မှာနေထိုင်သူတွေအနေနဲ့ စိုးရိမ်မှုတွေရှိလာနေပါတယ်။ အဲဒီလိုသာ…